ဟယ်ရီပေါ်တာကားတွေ ထွက်ပြီးသမျှထဲမှာ ss(soccerer's stone) နဲ့ cos(chamber of secrets) ကို အကြိုက်ဆုံးပါ။ ၁၁ ရက်နေ့က နောက်ဆုံးထွက်တဲ့ ootp ကို သွားကြည့်ပါတယ်။ ဂျီးအဖွဲ့တစ်ဖွဲ့လုံးနဲ့ enma ai ရယ်၊ သူ့အမရယ်ပါပါတယ်။ လက်မှတ်ကို ဘွတ်ကင်လုပ်ပြီးကို သွားကြည့်တာပါ။ credit to enma ai ပေါ့နော်။ ဘွတ်ကင်က သူလုပ်ပေးတာဆိုတော့ ။ တစ်ခုလေးပဲပြောစရာရှိပါတယ်။ vivo city က GV ကို ဘွတ်လုပ်တာ orchard great world city က GV ရောက်သွားတာလေးတခုပါပဲ။ ဒါပေမဲ့ အဲဒီနေရာလည်းတော်တော်ကောင်းပါတယ်။ (ချစ်တယ်နော် enma ai ;P)
ဇာတ်ကားက ညနေ ခြောက်နာရီ မိနစ်ငါးဆယ်မှာ စပါတယ်။ great world city ဘယ်မှာမှန်းမသိလို့ တက်စီ ငှားပြီး ချီတက်ကြပါတယ်။ ထုံးစံအတိုင်း လမ်းမမှားရတော့ နည်းနည်းတောင် ပျင်းတယ်၊ ကိကိ
ညနေစာကို အဲဒီမှာပဲတွေ့တဲ့ ဂျပန်ဆိုင်မှာ စားပါတယ်။ ပြီးတော့ ရှော့ပင်း ပတ်လိုက်တာ တစ်ယောက်ကို နှစ်ဆယ် သုံးဆယ်လောက် ချောတဲ့သူ ချောသွားပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံရှိတဲ့ သုံးထပ်ကို သွားကြပါတယ်။ ဒါက ဒုတိယအခေါက်ပါ။ လက်မှတ်က ရောက်ရောက်ချင်း သွားထုတ်ပြီးပါပြီ။ (စတစ်ကာ တိုက်ပွဲအကြောင်းတော့ မပြောတော့ပါဘူးနော့) ။ ပေါက်ပေါက်ဆုတ်ရယ် ကိုကာကိုလာရယ်ဝယ်ပြီး ရုံထဲဝင် ကြပါတယ်။ နောက်ဆုံးတန်းမှာ ထိုင်ကြည့်ပါတယ်။ အားလုံးပဲ အမြော်အမြင်ကြီးစွာနဲ့ အနွေးထည်တွေယူလာကြပါတယ်။
ဇာတ်လမ်းမပြခင် trailer တွေအများကြီးပဲ ပြပါတယ်။ (ဟို ကြွက်အပြာရောင်လေးကားရယ် ၊ ဂျက်ကီချန်းရယ်သွား ကြည့်ချင်တယ်)။ ပြီးတော့ ဇာတ်လမ်း ပြတယ် ပြတယ် ပြတယ် ပေါ့နော်။ peeves ခမျာ သူ့ဘေးမှာ အကြံ နဲ့ လာထိုင်တဲ့ မိုးကြီး နဲ့ ကိုဒီ ကို ဘာသာပြန်တာလည်း မဟုတ် စာအုပ်ပြန်ပြောပြတာ လဲမဟုတ်၊ ဘာမှန်းလဲမသိ ပြောပေးနေရပါတယ်။ ဇာတ်လမ်းက စုစုပေါင်း ၂ နာရီ ၁၈ မိနစ် ကြာပါတယ်။ ဒါရိုက်တာ က "David Yates" ပါ။ ဇာတ်ကောင် အသစ်တွေထဲမှာ luna lovegood(Evanna Lynch) ကိုကြိုက်ပါတယ်။ မိုးကြီး ကြိုက်တဲ့ ကလေးလေးကိုလည်း ကြိုက်တယ်။ nymphadora tonk(natalia tena)ကို လည်းကြိုက်တယ်။ သူ့ကို စာအုပ်ဖတ်တုန်းက အဲဒီလောက် ချောမယ်လို့ မတွေးထားဘူး။ Dudley ကတော့ ဧရာမလူကြီးဖြစ်နေပါပြီ။ harry ကတော့ shortie like mine ပဲရှိပါသေးတယ် ကိကိ။ (hermione နဲ့ အရပ်တူနေပြီလို့တော့ထင်တာပဲ)။ dumbledore အသစ်ကိုတော့ အခုထိမကြိုက်သေးပါဘူး။ ss နဲ့ cos မှာသရုပ်ဆောင်တဲ့ Hodgkin's disease နဲ့ သေသွားတဲ့ အဖိုးကြီး (Richard Harris) ကိုပို ကြိုက်ပါတယ်။ Ginny ကိုလည်း အမြင်ကတ်ဆဲပါပဲ။ Fred & George ကိုတော့ အလေးပြုပါတယ်လို့ (they r the damn best twins, haha)။ Umbridge ကတော့ မကောင်းပေမဲ့ မဆိုးဘူးထင်ပါတယ်။ [မိုးကြီး သူ့လိုလဲ မရီတတ်ဘူး ;( ] Quiddtich တစ်ခန်းမှ မပါတာကတော့ လက်မခံချင်စရာပါပဲ။
ထုံးစံအတိုင်း စာအုပ်ထဲက အခန်းတွေ အများကြီးကို ကျော်ထားပါတယ်။ စာအုပ်က စာမျက်နှာ ၂၀၀ လောက်ကို သူက မိနစ် ၂၀ နဲ့ ရိုက်ပြထားပါတယ်။ ဒါပေမဲ့လည်း J.K.Rowling ပြောသလိုပါပဲ သူမက လက်ကလေးလှုပ်ပြီးရေး လိုက်ရင် ပြီးပြီ။ ရိုက်ရတဲ့ ဒါရိုက်တာက............. ။ ဒါကြောင့် နားလည်ပေးလို့ ရပါတယ်လေ။ သူ မရိုက်ပေးရင် ကိုယ်ကြည့်ရမှာတောင်မဟုတ်ဘူး။ ရီရတာ တစ်ခုတော့ရှိတယ် ဗီလိန် Umbridge ကို ဂျီးအဖွဲ့ ကချစ်သလိုလိုဖြစ်သွားပါတယ်။ သူစကားပြောတာ အကုန်နားလည်လို့ပါ။ တရုတ်စာတမ်းထိုးတော့ အဆင်ပြေတဲ့သူတွေလည်း တော်တော်ပြေပါတယ်။ ဟိုဘာသာစကား မတောက်တခေါက် ဒီဘာသာစကားမတောက်တခေါက် တတ်တဲ့ peeves နည်းနည်းတော့ ပွထရှာပါတယ်။ သူ ဘရစ်တစ်ရှ် အက်စန့်ကို တော့ ကြိုက်တုန်းပါပဲ ဟီဟိ။ ဇာတ်ရှိန်တက်လာတာနဲ့ အမျှ လူတွေလည်း အရှိန်တက်လာပါတယ်။ ရေခဲရိုက်ခံထားရသလိုပါပဲ။ အဲယားကွန်းကတော့ ရှယ်ကောင်းပါတယ်။ ဟယ်ရီတို့ ministry of magic မှာ ချနေတဲ့ အချိန်မှာ အပြင်မှာလည်း လူတွေ အအေးဓာတ်နဲ့ တိုက်ပွဲဖြစ်နေပါတယ်။ မိုးကြီးဆို ရင်ထဲမှာ ဟာသွားတယ်ဆိုလား၊ လှိုက်တက်လာတယ်ဆိုလား ပြောပါတယ်။ အဲယားကွန်းက ဇာတ်လမ်းထက် ပိုစွမ်းပါတယ်။ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ ဂျီးအဖွဲ့ဝင်တွေဟာ မိမိ ဘ၀ သာယာစိုပြေရေးအတွက် အိမ်သာကိုပြေးကြပါတယ်။ အိမ်သာမှာ လည်း လူတန်းက တော်တော့်ကို ရှည်ပါတယ်။ ပြီးတော့ အိမ်ကို အဆင်ပြေသလို (ဟင့်အင်း တက်စီ ဟုတ်တော့ဘူး) ဘတ်ချကားနဲ့ လစ်ကြပါတယ်။
နောက်ဆုံး နံပါတ် ခုနစ်စာအုပ် က ၂၁ ရက်နေ့မှာ ထွက်ပါမယ်။ ဒီဇာတ်ကားက အဲဒီ စာအုပ်မလာသေးခင် အာသာပြေပေါ့။ စာအုပ်ကလည်း pre-order မှာထားတဲ့သူကို ဘွက်ပြီးသား ကွိကွိ။ အချိန်အားပြီး ပိုက်ပိုက်လည်းရှိတယ် ဆိုရင်တော့ သွားပြီးကြည့်လိုက် ကြပါ။ peeves ကတော့ လူတစ်ယောက်တိတိကို သွားကြည့်အောင် ဆွဲဆောင်ပြီးသွားပါပြီ။ ဟယ်ရီပေါ်တာ ပရိတ်သတ်အနေနဲ့ ဒီဇာတ်ကား box office မှာပါပါစေ။ record တွေချိုးပါစေ လို့ဆုတောင်းပါတယ်။ (malfoy ကို နှစ်ခန်းပဲပါအောင် ရိုက်တဲ့ ဒါရိုက်တာလည်း မေတ္တာပို့စာတွေ အများကြီးရပါစေ။ ကျန်တာတွေအားလုံးခွင့်လွှတ်နိုင်တယ် ဒါကတော့......) for my gyis who say they loathed this kiss and still watched it without blinking!
she is so soft and girlish and i want her to b my sis-in-law (malfoy's sis) :D
Friday, July 13, 2007
harry potter and the order of the phoenix
Subscribe to:
Post Comments (Atom)
No comments:
Post a Comment