Monday, December 24, 2007

Monday, December 10, 2007

what love is 2

ချစ်တတ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။

wat love is...

အချစ်သည်လေပြေ..... သို့သော် တစ်ခါတစ်ရံတွင် မိုးသက်မုန်တိုင်းကျရောက်နိုင်သည်....

Saturday, December 1, 2007

Dec 1


အိမ်ကို လွမ်းလိုက်တာ...

ဘာလိုလိုနဲ့  ဒီဇင်ဘာတောင်ရောက်ပြီပဲ။ ကိုယ်က ခရစ်ယာန်မဟုတ်ပေမဲ့ ဒီဇင်ဘာကိုရော၊ christmas ကိုရော သဘောကျတယ်။ အရင်နှစ်တွေတုန်းကဆို နှစ်တိုင်း အိမ်နားက ခရစ်ယာန်ဝင်းရဲ့  အုတ်နံရံမှာ sweet december လို့ ထုံးဖြူဖြူနဲ့  ရေးထားတတ်တယ်။ အခုလက်ရှိအခြေအနေတွေနဲ့ ဒီနှစ်ရေးထားလား မသိဘူး..
မြန်မာပြည်က အရာအားလုံးကို လွမ်းတယ်။ မီးပျက်တာကအစ လွမ်းတယ်။ စလုံးက အရမ်းကို ပျင်းဖို့ကောင်းပါတယ်။ ပြီးတော့ မွန်းကျပ်တယ်... ။ အင်း depression ၀င်နေပြန်ပြီထင်တယ်

အောက်မှာ icon လေးတွေလုပ်ထားတယ်။
ဆက်ပြီး စပ်စုရန်...

Tuesday, November 27, 2007

အိုဘယ့်ဝတုတ်ကြီး

ဟိုးရှေ့ရှေးတုန်းက စလုံးနိုင်ငံ စလုံးမြို့ မှာ နီအန်းနည်းပညာပေါင်းစုံ ကျောင်း ဆိုတာရှိတယ်။ အဲဒီ ကျောင်းမှာ အတိုင်းတိုင်း အပြည်ပြည်ကနေ လာရောက်ပြီး ပညာဆည်းပူးနေတဲ့ peeves တို့ ငါးယောက်လည်းရှိတယ်ပေါ့ကွယ်။ (peeves က အီတလီက၊ ဘီမိုးကြီးက မလားပြည်၊ ချစ်တီးက ဟာဝိုင်ရီ၊ ကောင်လေး လက်တင်အမေရိက၊ သာမီး တရုတ်ပြည်ပေါ့ ပြောစရာတောင်မလိုဘူး) သူတို့ဟာဆိုရင် တစ်နှစ်ပြီး တစ်နှစ် သက်ဆိုင်ရာဘာသာတွေကို အပတ်တကုတ် လေ့လာသင်ကြား (ကိုရီးယားကားကို ပြောတာ စာကတော့ အနားရောက်မှ ကြုံး) လာတာဆိုရင် အခုဆိုရင် နောက်ဆုံးနှစ်ကို ရောက်တော့မည့် ဆဲဆဲ ဖြစ်နေပါပြီတဲ့ကွယ် (ဒုတိယနှစ်လို့ ပြောလိုက်ရင် ပြီးတဲ့ဟာကို)။

အခုအချိန်မှာတော့ peeves နဲ့ မိုးကြီးက တစ်ခန်း (သူတော်ကောင်းတွေကိုး)၊ ကျန်တဲ့သုံးယောက်ကတော့ စလုံးတွေအလယ်မှာ တစ်ကောင်ဝက် တစ်မျက်နှာ ဘ၀နဲ့ပါ။
အဲဒီ peeves တို့အခန်းထဲမှာ လူလည်းမက ၀က်ထက်လည်းကြီး ဂေါ်ဇီလာလောက်လည်းမရှိတဲ့ (အရွယ်အစားကို ဖော်ပြနေခြင်း) ကျောင်းသားတစ်ကောင်ရှိတယ်ပေါ့ကွယ်။ သူ့မိဘတွေက ပေးထားတဲ့ နာမည်ကတော့ ကိုရ်ခိုင်ဟွတ်။ မိုးကြီးခေါ်တဲ့နာမည် ခိုင်ဝက်။ ဂျီးအဖွဲ့မှ officially ပေးထားသောအမည် “၀တုတ်ကြီး”။ peeves နဲ့ မိုးကြီး စိတ်ကျရောဂါဖြစ်ရခြင်းရဲ့  အဓိကတရားခံကတော့ သူပဲ သူပဲ။ အဲဒီလဒဟာဆိုရင် သင်သမျှဘာသာအားလုံးကို ကြောက်ခမန်းလိလိ ရပါတယ်ကွယ်။ ဆရာက စာအုပ်ထဲက လေ့ကျင့်ခန်းကို လုပ်ခိုင်းလိုက်တယ်။ peeves က ဘယ်အပုဒ်လဲဆိုတာ ရှာတွေ့သွားတဲ့အချိန်မှာ သူကပြီးသွားပါပြီကွယ် အယ်ဟယ်ဟယ်...။ (ရုပ်ကြည့်လိုက်ရင်တော့ ဘာဘာဘာမှ မသိဘူးဆိုတဲ့ ရုပ်နဲ့။)

ဘုတ်ပြားတွေမှာ soldering လုပ်တဲ့ဘာသာကျရင်လည်း အလားတူပါပဲကွယ်။ မလုပ်ခင်က ပြီးနှင့်သည် ဆိုတာ အဲလို လဒမျိုးကို ပြောတာဖြစ်မယ်။ ပိုဆိုးတာက ပြီးတာတော့လွယ်ပါတယ်။ ဘုတ်မလှမှာကို သည်းခံနိုင်တယ်ဆိုရင်ပေါ့။ သူက လိုအပ်တဲ့ waveform လည်းထွက်တာမှ တန်းနေတာပဲ။ လှတာကတော့ လူနဲ့တခြားစီပဲ။ ကျန်တဲ့လူတွေ (အထူးသဖြင့် peeves) ဆိုတာ ကိုယ့် ဆားကစ် ကလွဲလို့ ကျန်တဲ့ဟာတွေ အကုန်လုံးကို ပြဿနာလိုက်ရှာပြီးမှ စိတ်လည်း ဒုံးဒုံးချပြီးတော့မှ waveform က မထွက်ချင်ထွက်ချင် ထွက်လာတာပါ။ ရှောင်ကျူးကလည်း ရိုးရာအတိုင်းပေါ့။ လွဲလိုက်ရမှ ။ အခန်းထဲမှာ ရစ်ချတ် ဆိုတဲ့ တစ်ကောင်ရှိတယ်။ ရှောင်ကျူး က တီချယ် ကို ၀မ်းချုပ်နေတဲ့ rocker သံနဲ့ခေါ်တယ်။ ဟိုကောင်ကလှည့်ကြည့်တယ်။ သက်ဆိုင်သူ ဆရာမ ကတော့ မကြားဝူး။ ၀တုတ်ကြီးကတော့ အခန်းထဲမှာ မဏိမောင်ခလာ လိုက်လုပ်တယ် ပေါ့ကွယ်။

အဲဒီလို soldering တော်တဲ့ ၀တုတ်ကြီးဟာ ပရိုဂရမ်မင်းကျရင် ဘာဖြစ်လဲ သိလား.....ပိုတော်တာပေါ့ကွယ်။ လန်ထွက်နေတာပဲ။ ပရိုဂရမ်မင်းက သူ့ရဲ့ passion တဲ့
ဝါးဝါးဝါး။ ဆရာတိုင်းကလည်း သူ့ကို assistant ခန့်မလို့ ကြံနေကြပါတယ်။ ထူးဆန်းတာတစ်ခုကတော့ အဲဒီ ၀တုတ်ကြီးရဲ့ ပျမ်းမျှ gpa ဟာဆိုရင် peeves တို့ထက်နည်းပါတယ်ကွယ် ငှယ်ငှယ်ငှယ်။

ဝတုတ်ကြီးရဲ့ ဒီလောက်တော်နေရတဲ့ လျှို့ ဝှက်ချက်ကတော့ သူပာာ အသက် ၂၅ နှစ်ရှိပါပြီ။ အိုင်တီအီး ပြီးသွားပါပြီ။ ပိုလီမှာ လာဆော့နေတာပါ။ ဟင့်။ ဒီအချက်တွေက peeves တို့ကို အများကြီး အားတက်စေပါတယ်။ အိုင်တီအီးလည်း သွားတက်ချင်အောင် လုပ်ပါတယ်။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ စာတွေလည်း မရသေးပါဘူးကွယ်။

စာကြွင်း။ ။Congratulations to England for being OUT from euro 2008. The other fans are at peace without ur hooligans!

Sunday, November 18, 2007

quiz

the answers....

No.1 How many birthdays do you have actually? Yes, ONE.

No.2 February has 28 days but all other 11 months also have at least 28 days each!

No.3 His widow means he is R.I.P already. No way to disturb his ex-wife's sis. It is true all over the world not only in Singapore.

No.4 If you get this wrong, stop using your fingers next time. A calculator will do :P

No.5 You take away 2.... so how many do u have??? TWO

No.6 You take the first pill, then wait for 30 minutes, take another pill, wait for
another 30 minutes. Take the last pill. It's 60 minutes for the whole process. So.... stop multiplying 30 and 3!!

No.7 All die but 9 sheep are left....

No.8 There are 12 pieces in a dozen no matter they are 2 cents or 3 cents. Check with
whichever kid :)

No.9
Again, are u thinking 3 times 5?? 3 mrts also take 5 minutes only. The mrts can travel at the same time :D

You are a genius if you get all of this correct at first try. Have a nice day!

Wednesday, October 24, 2007

my heart is heavy....

"Where Is The Love?"

Don't have any mood to think. Dedicated this post to all the chaos in Myanmar.
Wish the whole word is at peace...

Click here to read more...

Saturday, August 18, 2007

a shao zhu was born 19 yrs back!

Hey Yo!!

This is for my shao zhu's b'day. Enjoy!

This band is not a local band. It just arrived sg this morning.

The band's called "GYI @ platinum cross".

Let me have the privilege of introuducing them to u.

grey one at the top left hand corner: alpha boo

pink one at the top right hand corner: kg lay

main vocal: peeves

white one at the bottom right hand corner: su-li-nar

mouse is thar mee

the snake playing cards: jitty

the yellowy frog = the b'day GIRL (oops! ZHU)!!!

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

A Collection of Birthday Quotes For Shao Zhu to Be Insightful a Bit in Future


It is better to wear out than to rust out.

It is not death that a man should fear, but he should fear never beginning to live.


It is only when we truly know and understand that we have a limited time on earth and that we have no way of knowing when our time is up that we will begin to live each day to the fullest, as if it were the only one we had.


Let us endeavor to live so that when we come to die even the undertaker will be sorry.


Life is a magic vase filled to the brim; so made that you cannot dip into it nor draw from it; but it overflows into the hand that drops treasures into it-drop in malice and it overflows hate; drop in charity and it overflows love.


Life is a tragedy for those who feel, and a comedy for those who think.


Life is too short to be small.


Live and work but do not forget to play, to have fun in life and really enjoy it.


Live as you will have wished to have lived when you are dying.

Wednesday, August 8, 2007

ဂျင်မနီ Vs. လီယို

ယနေ့ည ယှဉ်ပြိုင်ကစားမဲ့ အသင်းနှစ်သင်းကတော့ အများချစ်ကြတဲ့ “ဂျင်မနီ” နဲ့ “လီယို” ပဲဖြစ်ပါတယ်။ (ဂျာမနီ နဲ့ ချီလီအသင်းလို့ ခံစားချင်ရင်လည်း ခံစားလို့ရပါတယ်။ ဘာပဲပြောပြော ဂျာမနီက အသားဖြူသေးတယ်…. stand up! speak up!) ဂျင်မနီအသင်းဖက်က နည်းပြအစ ဂိုးသမားအဆုံး တစ်ကိုယ်တော် ပါဝင်ကစားမှာကတော့ ပဲပြုတ်မရောင်းပဲ ပေါက်ပေါက်ဆုတ်ကြိုက်တဲ့ ricardo peeves ဖြစ်ပါတယ်။ သူဟာဆိုရင် ဂျာမနီကို မရောက်ဖူးပေမဲ့လည်း ဂျီအေဘီကို ခြစ်ရာရှိပြီးတဲ့သကာလမှာ ဂျာမနီဂိုးသမား အိုလီဗာခန်းရဲ့  ဘကြီးကမွေးစားထားတဲ့ သားရဲ့  အစ်ကိုနှစ်ဝမ်းကွဲနဲ့ ဆွေမျိုးနီးစပ်တော်တယ် လို့သိရပါတယ်။ ဂျာဒူးဝါးလားတော့မလုပ်ဖူးဘူးလို့ပြောပါတယ်။ ရှောင်ကျူးက သူ့ part-time အလုပ်ကို လာမလုနဲ့ လို့ပြောလို့ပါတဲ့။

လီယိုအသင်းကတော့ ဗလအားကိုးနဲ့ အနိုင်ကျင့်မယ့်သဘောတွေ အများကြီးတွေ့နေရပါတယ်။ လီယိုအသင်းမှာ ပါဝင်တဲ့သူတွေကတော့ နည်းပြ တာဇံ့အမေ (တစ်နာရီကို မြန်မာငွေ ၉ ကျပ်တိတိနဲ့ ၁ပတ် စာချုပ်ချုပ်ထားတာပါ။ ဂျင်မနီအသင်းကို မနိုင်ရင် ကျုံရာ ဂျက်စတားနဲ့ ရွာပြန်ပို့မယ်လို့ စာချုပ်ထဲမှာ ပါပါတယ်။ သူကဂျက်စတားစီးရ မှာကို အသေကြောက်တာလို့ peeves ချွန်လိုက်တာပါ ခင်ဗျ)၊ ဂိုးသမား မောင်ကောင်လေး၊ နောက်တန်းတိုက်စစ်မှူးနဲ့ ကွင်းလယ် အဖျက်နေရာက ဆာတေးMG(ဘရာဇီးကပါ ခင်ဗျ)၊ ရှေ့ တန်းတိုက်စစ်မှူးအဖြစ်နဲ့ကတော့ ရီယို ဖာဒီနန်ရဲ့  ညီမ လီယို ရှောင်ကျူးတို့ ဖြစ်ကြပါတယ်။ အရန်အနေနဲ့ကတော့ အယ်လ်ဖာ ဘူး (ဖရက်ဒီ အဒူးရဲ့  ညီမ) က အသင့်စောင့်နေမှာပါ။ နောက်ဆုံး peeves အတွက် ရင်လေးဖွယ်ကြားသိရတဲ့ သတင်းကတော့ မဒမ်ဘူးဟာဆိုရင် တိတ်တဆိတ် တရားမ၀င် ခြင်းလုံးခတ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ကိုလည်း အရန်စာရင်းထဲ ထည့်ထားတယ်လို့သိရပါတယ်။ peeves ကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး GIFA ကို တိုင်ထားပါတယ်တဲ့။ ပြီးတော့ ဒိုင်လူကြီးကလည်း သူ့ best buddy မိုက်ခဲ စူလီနာ (ကိုလီနာရဲ့  မြစ်) ဆိုတော့ မပူပါဘူးတဲ့)။

သူတို့ နှစ်သင်းဟာဆိုရင် မရီနာဘေးက ဟိုနေရာကို အမေရိကန်ဒေါ်လာ ၉ မီလီယံ ပေးပြီး ငှားရမ်းမှာ မဟုတ်ဘဲ ညဘက် လူအလစ်မှာ သွားကန်ကြမှာပါ။ ပရိတ်သတ်ကတော့ လောလောဆယ် နှစ်ယောက် ရှိပါတယ်။ VIP ကို ဘယ်တစ်ယောက်ကို လုပ်ခိုင်းရင် ကောင်းမလဲ စဉ်းစားနေပါတယ်။

ပွဲမစခင် သူတို့ တိုက်ခိုက်တဲ့ mind game တွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီလို ကြီးကြီးမားမား ချိန်းပွဲတွေ ဖြစ်လာရတာလဲ လီယို အသင်းဖက် က foul လို့ပါ။ တရားခံကတော့အများသိကြတဲ့ အတိုင်း ….. အားလုံးလက်တွေလေထဲကိုမြှောက်ထားလိုက် ရှောင်ကျူး

ရှောင်ကျူးဟာဆိုရင် သူတို့ လီယိုဘွန်းတွေက လွဲလို့ ကျန်တဲ့ ၁၁ ရာသီဖွားတွေဟာဆိုရင် မ cool ဘူးလို့ အသေအကြေယူဆထားတာ ဖြစ်ပါတယ်။ ( သူ့ရှေ့  မှာပြောရင် ၀က်ခြေ ၀က်လက် ၀က်နားရွက်တွေပေးလွန်းလို့…. ဒီလိုရေးတော့ သူဘာတတ်နိုင်သေးလဲ ကိကိ ဆက်ဖတ် ဆက်ဖတ် လာဦးမှာ) ။ ကျန်တဲ့ ဂျီး အဖွဲ့  ၀င်တွေဟာ ဆိုရင် ကိုယ့်ဟာကိုယ် လီယိုမဖြစ်တာကို ပဲ စိတ်နာရမလိုလို… မွေးစာရင်းပဲ သွားပြောင်းရတော့မလိုလို… ကျန်တဲ့ရာသီမှာ မွေးမိတာကို jst joking ပဲပြောရတော့ မလိုလို… လိုလိုတွေ ဖြစ်ကုန်ပါတယ်။ သူတို့တော်တော်ကို သည်းခံခဲ့ကြတာပါ။ သူနဲ့ နီးစပ်ရာ (အတန်းထဲက) လီယိုဘွန်းတွေကို စာရင်းလိုက်ကောက်တဲ့အထိလည်း ဘာမှမပြောကြဘူး။ အော် ကလေး မန်တယ်လီး ထိခိုက်ရှာမယ်လေ ဆိုပြီး…..

နောက်တော့ လဒမက ကမ္ဘာကျော် လီယိုဘွန်းတွေကိုပါ စာရင်းပြုစုတော့တာပဲ။ လွန်တာပြောပါတယ် peeves တို့ စိတ်ကောင်းတယ်။ သူ့ရဲ့  အူကြောင်ကြောင် ၀ါသနာ ဗေဒင်တွေ လိုက်ဖတ်ပြီး ဖဲ့တာကရှိသေးတယ်။ သူများ ဂျင်မနီကို ဖလာ့တီးတဲ့။ သူ့ရဲ့  ကမ္ဘာကျော် လီယိုဘွန်းကြီး Bill Clinton ကျတော့ ဘယ်နားသွားထားလဲ မသိဘူး။ အနော်တို့ ဂျင်မနီထဲက လည်း အမေရိကန်သမ္မတရှိပါတယ်။ တော်ကြာမရှိဘူးလို့ ထင်မှာစိုးလို့။ (ငါပြောမိလား ဂျင်မနီဘွန်း အမေရိကန် သမ္မတ မရှိပါဘူးလို့ - ရှောင်ကျူး
၏ မချိတင်ကဲ အော်သံ) John. F. Kennedy လေ။

အဲဒါနဲ့  peeves လည်း အားအားယားယား ရှိတာနဲ့ ဂျင်မနီဘွန်း celebrities တွေ သွားရှာလာတယ်။ ဒီမှာ

Morrissey
Naomi Campbell
Drew Carey
Bob Dylan
John C. Reilly
Kristin Scott Thomas
Anne Heche
Lauryn Hill
Mike Myers
Miles Davis
Helena Bonham-Carter
Lenny Kravitz
Pam Grier
Stevie Nicks
Joseph Fiennes
Kylie Minogue
Annette Bening
John F. Kennedy
Rupert Everett
Wynonna Judd
Brooke Shields
Clint Eastwood
Alanis Morissette
Heidi Klum
Marilyn Monroe
Morgan Freeman
Barry Levinson
Wentworth Miller
Allen Ginsberg
Angelina Jolie
Kenny G
Mark Wahlberg
Sandra Bernhard
Anna Kournikova
Liam Neeson
Prince
Tom Jones
Joan Rivers
Kanye West
Johnny Depp
Michael J. Fox
Natalie Portman
Elizabeth Hurley
Gene Wilder
Ally Sheedy
Tim Allen
Boy George
Courteney Cox
Helen Hunt
Joyce Carol Oates
Yasmine Bleeth
Newt Gingrich
Venus Williams
Paul McCartney
Kathleen Turner
Paula Abdul
John Goodman
John Mahoney
Nicole Kidman

မှတ်ချက် - မသိတဲ့လူတွေပါရင် ဂူဂယ်လုပ်ကြည့် ရှောင်ကျူး သိလား

သူတို့ လီယိုတွေက တူတာများ ကြောက်ဖို့တောင် ကောင်းတယ်။ အာနိုးက လီယို၊ ဟေးလ်ဘယ်ရီ၊ ၀ှစ်တနီ ဟူစတန် (ပျားရည်ရောင်၊ သူဘာပြောဦးမလဲမသိဘူး)။ ပြီးတော့ မော်နီကာ လူဝင်စကီး။
ပြီးတော့ Einstein ကိုတောင် သူက လီယို လုပ်ပစ်ဖို့ ကြိုးစားတာဗျ။ ဘိုးတော် ခဗျာ Pisces ကနေ အချောင် လီယိုဖြစ်ရဦးမယ်။ မွေးစာရင်းမှားနေတာလဲ ဖြစ်နိုင်ပါတယ်လေ။ ရှောင်ကျူးက ပိုသိမှာပါ။

ဟို ဘောလုံးပွဲ အကြောင်း ဆက်ပြောရရင် လက်မှတ်ကတော့ အလကား $၁၀ လို့ ပြောတာပဲ။ ကန်ဖြစ်ချင်မှလည်း ကန်ဖြစ်မှာပါလေ။ တော်ကြာ ဒိုင်လူကြီးက ဆံပင်ကောက်နေတာကို အကြောင်းပြပြီး မလာဘဲ နေဦးမယ်။ peeves ပဲ ဂျီအေဘီ နဲ့  river side မှာ လေညင်းခံပြီး ပြန်လာနေရဦးမယ်။

ဒီသတင်းတွေကို GGTV မှ သွားရောက်မေးမြန်းစူးစမ်း တင်ဆက်ပါတယ်။

peninsula က ၀က်သားဟင်းစားချင်တယ်… ၀ါးဝါးဝါး
တော်ပြီ ဒါပဲ

Sunday, August 5, 2007

Dear Volder

ကိုယ့် ဘလော့ဂ်လေးကိုယ် ကြည့်ပြီးသနားတာ နဲ့ ပို့စ်အသစ်ရေးလိုက်ပါတယ်။ ဘာရေးရမှန်းလဲ မသိဘူး။ ပျင်းလည်းပျင်းတာနဲ့ သူများရေးထားတာပဲ ပြန်ဖောက်သည်ချလိုက်ပါတယ်။ voldemort ကို စိတ်အနှောင့်အယှက်ပေးဖို့ နည်း ၁၂၃ နည်းပါတဲ့။ အဲဒီနည်းတွေ သုံးပြီးရင် အသတ်ခံရဖို့ ဒါမှမဟုတ် အနည်းဆုံး crucio ကျိန်စာထိဖို့ သေချာပါတယ်တဲ့။ voldemort ဘယ်သူလဲ မသိရင်တော့ ဆက်ပြီးမဖတ်ပါနဲ့တော့ အိုကီ??? ပြီးအောင် ဘယ်သူဖတ်မလဲတော့မသိဘူး။ ၁၂၃ ခုလုံး ဖတ်လို့ ပြီးတဲ့သူတွေ shout box မှာ "p p" လို့ ၀င်အော်ခဲ့ပါ။...


Click here to read more...

Tuesday, July 24, 2007

ကော်ဖီပရင့်စ်


ဂျီးအဖွဲ့  လက်ရှိကြည့်နေတဲ့ ကိုရီးယားကားအကြောင်း ပြောချင်လို့ပါ။ ကိုယ်ပြောချင်တာတွေ ပြောရအောင်၊ သူများတွေကို မထိတထိ ရန်စရအောင် ဒီ ဘလော့ဂ် လုပ်ထားတာပဲဟာ နော်… ကိကိ

coffee prince လို့ခေါ်ပါတယ်။ ကိုရီးယားလိုတော့ အနော်တို့လည်း မသိဘူးပေါ့နော်။ မလားလို သိချင်ရင်တော့ ရှောင်ကျူး ကို မေးလို့ရပါတယ်။ ဒီဇာတ်ကား ကို စပြီး ကြည့်ဖို့ပြောတာ peeves ပေါ့နော်။ (ဘယ်ကောင်ငြင်းချင်လဲ။ ဘယ် ရှောင်ကျူးမှ လူမထင်ဘူးကွ) အဲဒီတုန်းကတော့ တချို့ လူသားတွေက ကိုရီးယားကား မကြည့်တာ ဘယ်လောက်ကြာပြီ ပျင်းသေးတယ် ဘာညာပေါ့နော်။ အခုတော့လည်း episode အသစ်တင်တိုင်း အရင်ဆုံး ကြည့်ကြတယ်ပေါ့နော်။

မင်းသားက “She’s on duty” ထဲကပါ။ မင်းသမီးကတော့ “princess hours” ထဲက မင်းသမီးပါ။ ကိုရီးယားကားတွေ ထုံးစံအတိုင်း နောက်ဘယ်သူမပါမဖြစ်ပါမလဲ ကလေးတို့ …….
…………
…………
ဗီလိန်မ ဆိုရင် မှန်ပါတယ်။ အရမ်းမုန်းစရာတော့မကောင်းပါဘူး။ ယောင်္ကျားနှစ်ယောက်ကို တချိန်တည်းမှာ အီစီကလီထုတာလေးလောက်ပါပဲ။ မင်းသမီးက ဆံပင်အတိုလေးနဲ့ပါ။ ကောင်လေးနဲ့တူပါတယ်။ ဟိုကောင်လေးကို ပြောတာမဟုတ်ဘူးနော်။ ရင်ခုန်သွားမှာ စိုးလို့။

ဇာတ်လမ်းအကျဉ်း (ကြည့်ပြီးသလောက်)ကတော မင်းသမီးက ဘ၀သမားပါ။ အလုပ်တအားလုပ်ပါတယ်။ အဖေမရှိတော့ပါဘူး။ အမေက ဇာတ်လမ်းအစမှာ စိန်လက်စွပ်တစ်ကွင်း ပျောက်သွားပါတယ်။ မင်းသမီးက အဲဒီလက်စွပ်ကို ပြန်လျော်ပေးဖို့ ပိုက်ဆံရှာနေပါတယ်။ မင်းသားကတော့ နိုင်ဂျံဂါးက ပြန်လာတာပါ။ ဘီးဂျိနပ်နဲ့ ကျောင်းပြီးထားတာပေါ့နော်။ သူက အလုပ်မလုပ်ချင်ပါဘူး။ ဒါပေမဲ့ သူ့ဘွားတော်က ကော်ဖီဆိုင် အတင်းဖွင့်ခိုင်းပါတယ်။ မင်းသားကလည်း မင်းသမီးကို ကောင်လေးလို့ထင်နေတာပါ။ နောက်တော့သူတို့ရယ် တခြားသူငယ်ချင်းတွေရယ်ပေါင်းပြီး ဆိုင်ဖွင့်ကြပါတယ်။ အခုထက်ထိတော့ သူတို့ မကြိုက်ကြသေးပါဘူး။ မင်းသားက ဗီလိန်မကို ကြိုက်နေပါတယ်။ သူတို့ကိုရီးယားမှာတောင် ပြတာ တစ်ဝက်မရောက်သေးပါဘူး။ episode 16 ခုရှိပါတယ်။ အခု ၅ အထိ ကြည့်ပြီးပါပြီ။ ပိုသိချင်ရင်တော့ ဒီ လင့်ခ် လေးမှာ သွားကြည့်လို့ရပါတယ်။
http://www.coffee-prince.com/

peeves က ငိုရတဲ့ကားတွေ မကြည့်ပါဘူး။ သူများတွေ one liter of tears လုပ်နေတဲ့ အချိန်မှာ peeves က little man ကိုနောက်တစ်ခေါက်ပြန်ကြည့်ပါတယ်။ ဘာလို့ သူများငိုတာသွားကြည့်မှာလဲ။ ကိုယ့်ဟာကိုယ်တောင် ငိုစရာတွေများလွန်းလို့။ gpa တွေဆို ပြန်တွေးကြည့်လိုက်တာနဲ့တင် မျည်ရည်ဝဲသွားမယ်။ ဒါမှမဟုတ် ဒီတစ်ပတ် ကိုယ့်အလှည့် သန့်ရှင်းရေးလို့သတိရလိုက်။ မ၀ဲသေးဘူးလား။ ရတယ်။ ဘဏ်အကောင့် လက်ကျန်ကို ပြန်စဉ်းစားလိုက်။ ပရောဂျက် ဒတ်လိုင်းကရော။ ကိုယ့် ခြစ်ရာ က လုံးဝမျှော်လင့်ချက်မရှိတာကို ငိုလည်းရတာပဲ။ ကီလို ငါးဆယ်ကျော်နေတာကို ရင်နာပြီး မုန့်စားရင်း ငိုလည်းရတယ်။ အတိတ်တွေ၊ လက်ရှိအခြေအနေတွေအတွက် ငိုပြီးရင် အနာဂတ်ကိုတောင် ကြိုတွေးပြီးငိုလို့ရသေးတယ်။ အလုပ်မှရပါ့မလား။ ပီအာရော။ ယူနီဆက်တက်ရင်ရော၊ အလုပ်လုပ်ရင် မနက်အစောကြီးထရမှာ။

အား ………….

peeves ဆို ဒီ စာသားတွေရေးအပြီးမှာ မနည်းမငိုအောင် စိတ်ထိန်းလိုက်ရပါတယ်။ အဟင့်ဝါးဝါး ။ ဒါတောင် စားစရာမရှိဘဲ ကျော်ဖြတ်ရတဲ့ နေ့ည တွေအကြောင်းမပါသေးဘူး။ စီကာ စင်ကာ ပူရတဲ့ နေရာကို လာမိပြီကိုး ဘယ်တတ်နိုင်ပါ့မလဲ။ အဓိကပြောချင်တာကတော့ ဟာသကားတွေပဲ ကြည့်ပါလို့…
တစ်လက်စတည်း recommend ပေးရရင်
My Girl (the OST is damn cool as well)
My Lovely Sam Soon
Hello Miss!
Full House
She’s on Duty
Hello My Teacher
Goong

ဒီ ဇာတ်ကားတွေမှာ အာမခံ နိုင်တာကတော့ ဘယ်သူမှ သွေးကင်ဆာနဲ့ မသေပါဘူးလို့။ Happy Ending တွေပါလို့။ ရေးသာရေးရတာပါ။ ဒီ ဘလော့ဂ်ရဲ့  ပုံမှန်စာဖတ်သူတွေ ဖြစ်တဲ့ ဂျီးတွေက ကိုရီးယား ဒရာမာ ဂရိတ်ပေးရင် AD+ ရလောက်တဲ့အထိကို ကျွမ်းကျင်သူတွေပါ။ ဒီ ပိုစ့်ကို ချစ်တီးရဲ့  မှာတမ်းကို မလုပ်ဘဲ အာခံပြီးရေးတာပါ။ ကိကိ

Friday, July 20, 2007

all time favourite =D
















ဂွင်းစတက်ဖါနီ ..... နာ့ဆော်ကြီးလေ ...
သူဘယ်လောက်လန်းတယ်ဆိုတာ Peeves ဘယ်တော့မှသိမှာမှုတ်ဘူး ..... သိအောင်လဲ ကြိုးစားမှာမှုတ်ဘူး ... ဘာဖြစ်လို့လဲ ဆိုတော့ သူဟာဆိုရင် မိုးကြီး ကြိုက်သမျှကို အကောင်းသိပ်ထင်တတ်တာမှုတ်ဘူး ... ထားပါတော့လေ ... မိုးကြီး စကားအတိုင်း ... မထိုက်လို့ပေါ့ ကွိကွိ ... သူကို့ကြိုက်တာ သူ့စာသားတွေ ကြောင့်အများကြီးပါတယ် ..... သူ့စာသားတွေထဲက ... အမီးရင်ထိတဲ့ဟာလေးတွေရေးကြည့်မယ်နော် ... ဟီးးးး ...

"We have changed but we're still the same After all that we've been through I know we're cool" (COOL)

If I could escape

And re-create a place as my own world

And I could be your favourite girl

Forever, perfectly together

Tell me boy, now wouldn't that be sweet?

(The Sweet Escape)

သူ့သီချင်းတွေက တကယ့်ကို super dope .... =D .... Peeves gonna puke soon LOL ... ရှုပ်ကုန်ပီ ... ဗမာ နဲ့ ဘို နဲ့ .....
peeves နဲ့ကများသောအားဖြင့် အဆိုတော်ဆို အကြိုက်ချင်းတူတယ် ... သီချင်းရောပါပဲ ... သူလဲတော်တော်ကြိုးစားရှာပါတယ် .. ဒီ ဂွင်း ကြီးကိုကြိုက်ဖို့ .. ဒါပေမယ့်သူကြိုက်တယ်ပြောလာတဲ့ 4 in the morning ကမိုးကြီးနားထောင်ရင်း အိပ်ပျော်သွားတဲ့သီချင်း .. ပြီးတော့ Fergie ရဲ့ Big girls don't cry ကလဲ သူမကြိုက်လောက်ပါဘူး ဆိုပြီး ပို့လိုက်တာ .. အခုဆိုရင် ဘယ်နှကြိမ်မှန်းတောင်မသိအောင် နားထောင်ပြီးပီတဲ့ ... ပြောရရင် Linkin Park ရဲ့ What I've done ကိုလဲ တော်တော်ကို ကြိုက်နေတယ် .. သူတို့ ရဲ့ အမ်တီဗွီ က ကြည့်ရတာတော်တော် ကူးလ် တယ် ... မိုးကြီးဟာ မိန်းကလေးတွေတော်တော်များများမကြိုက်တဲ့ အဆိုတော်တွေ သီချင်းတွေ ကို တော်တော်ကြိုက်တယ် ... အကိုရဲ့ လွှမ်းမိုးမှု့တွေတော်တော် ပါတယ် လို့ပြောရမှာပေါ့ ... ရန်ကုန်မှာတုန်းကတော့ .. သီချင်းတွေဘာတွေက အကို ၀ယ်လာတာတွေပဲ နားထောင်ဖြစ်တယ် အဲဒါကြောင့် ဒီလိုတွေဖြစ်ကုန်တာလားသိဝူး ... Bambino သီချင်းတွေဆို မနဲ ရင်နဲ့ခံစားလိုက်ရတယ် .. ထိထိ မထိထိ ... တော်ကြာ သူတို့တွေ သီချင်းဆိုရင် ဘာဝင်အော်လို့ အော်ရမှန်းမသိမှာဆိုးလို့ ... မိုးကြီးတအား ကြိုက်တဲ့မျိုးကြီးဆိုရင် သူတို့တွေက .. ရှိတယ်တောင်ထင်ကြရဲ့လား သိဝူး ... တကယ်တော့သီချင်းနားထောင်တယ်ဆိုတာ ပျော်စရာကြီး .. ရင်ထဲက စိတ်ညစ်တာတွေ ကို ခဏပျောက်သွားစေတယ် ... အိပ်တာလိုပဲပေါ့ .. လောကကြီးကိုခဏမေ့ထားလို့ရတယ် ... တနေ့တာလုပ်တဲ့ အထဲမှာ .. အဲဒီနှစ်ခုကိုတော်တော် ကြိုက်တယ် ... မောင်နှမတွေနဲ့တုန်းက .. သီချင်းတွေအော်ဆိုရတာတွေကို အခုထိသတိရတုန်းပဲ ... မိုးကြီးတို့မောင်နှမတွေကတော့ သီချင်းတစ်ခု တစ်ယောက်ကကြိုက်တယ် ဆို အကုန် ကြိုက်ပြီးသားပဲ ... အဲဒါတော့ကောင်းတယ် ... အကုန်ဝင်အော်လို့ရတယ် .. တစ်ယောက်က စလိုက်ရင် ... အခုများတော့ ... ဂွင်း သီချင်းတို့  မျိုးကြီးသီချင်း တွေအော်ချင်ရင် .. လွမ်းလိုက်တာ ... ပြီးတော့သီချင်းတွေက ဘယ်လိုလဲတော့မသိဝူး ကြိုက်လွန်းလို့ နားထောင် လိုက်တယ် .. အခေါက်ရေ ၇၀ လောက် ပြီးရင်နဲနဲ ငြီးငွေ့ချင်တယ် ... all time favourite တွေတော့ရှိတယ် .. ငယ်ငယ် က အိပ်ရာဝင် သီချင်းတွေပေါ့ .. တိမ်လွှာမို့မို့လွင် တို့ .. ပြီးတော့နာမည်တော့မသိတော့ဝူး နဲနဲရေးပြမယ် .. " တိမ်လွှာပြင်ပေါ်အိပ်စက်ကြစို့ကွယ် ... ငွေစန်နာ ရီရောင် ပြိုးပြိုးပြက်ပြက်ဆောင် ... ဘယ်ဆီခေါ်မယ် ပျော်တယ် မပျော်တယ် .. လှမ်းလို့ယူမယ် ဘုံပျံ နတ်နန်းလေးဆီ ... " မှန်မယ်တော့ထင်တာပဲ ... စာသားက .. နားမထောင်ရတာလဲ တော်တော် ကြာပီ .. အဖေလဲ ချော့အသိပ်တော့ဝူးလေ .. ဒီအရွယ်ဆိုတော့ .. အဲဒီတော့ စာသားက ခပ်ရေးရေးပဲ .. အမေချော့သိပ်တဲ့သီချင်းတွေတော့ မမှတ်မိတော့ဘူး .. နားလဲမထောင်ဖူးဘူး အပြင်မှာ .. ဟုတ်တယ်လေ ... မထောင်ဖူးဆို ... တလောကမှသိတယ် .. အမေ့ဟာတွေက .. အမေအပျိုအရွယ် ကျောင်းတက်တုန်းက ရေးထားတာတွေတဲ့ ... "ငါ့မှာ အဲဒီတုန်းက ရေးထားတာတွေ နင်တို့မွေးမှ အသုံးတည့်တော့တယ် ... ဟုတ်တယ်လေ.. ငါက သီချင်းတွေလဲ .. မရ .. အဲဒီတော့ ရေးထားတာတွေ ပြန်ရွတ် .. ဒါတောင် တခါတလေ .. ဒီတိုင်း ချော့သိပ်ရင်း စပ်လိုက်ရတာတွေတောင်ရှိတယ် " တဲ့ .. သြော် .. eminem တို့ .. စင်ပေါ်တက်ခါနီးမှ သီချင်းစပ်တယ်ဆိုတာ ဘာ ဟုတ်သေးလဲ .. မိုးကြီးအမေဆို သီချင်းကို ဆိုနေရင်းပါ စပ်လိုက်တာ .. ပိုင်သလားတော့မမေးနဲ့ ... ဘာရယ်လို့တော့မှုတ်ပါဝူး ရေးချင်စိတ်လေးထုံးစံအတိုင်းပေါက်လာလို့ .. ကီကီ ..
ဒီ post လေးဖတ်ပြီး ငယ်ငယ်က အကြောင်းတွေ ပြန်သတိရကြမယ်ထင်တယ် ...
ဘာပဲပြော ငယ်ဘ၀ကို သိပ်ကြိုက်တယ် .. နောက်တစ်ခါ .. ငယ်ဘ၀ ကဆော့နည်းလေးတွေ ရေးနိုင်အောင် ပြန် recall လုပ်လိုက်အုံးမယ် ...
မိုးကြီး

မျူးဇစ်

ဒီရက်ပိုင်း သီချင်းတွေပဲ နားထောင်ဖြစ်တယ်။ ဆိုလိုတာကတော့ စာမကျက်ဖြစ်ဘူးပေါ့ကွယ်။ သီချင်းတွေကလည်း အရမ်းကိုလန်းပါတယ်။ တိုက်ဆိုင်မှု ရှိသလိုလို မရှိသလိုလိုနဲ့။ အခုလက်ရှိ အသေအကြေ ကြိုက်နေတဲ့ အဆိုတော်တွေ ကို ပြောရမယ်ဆိုရင် လေဒီတွေပဲ ဖြစ်နေတယ်။ avril lavigne, fergie, pink စသည်ဖြင့် စသည်ဖြင့်....

avril lavigne ရဲ့ နောက်ဆုံး ထွက်တဲ့ album ကသီချင်းတွေဆို အားလုံးနီးပါး ကောင်းတယ်။ လက်ရှိ peeves ဆိုဆိုနေတဲ့ တစ်ပုဒ်ဆို mtv ရော အရမ်းမိုက်တယ်။ ဒါပေမဲ့ Peeves ခမျာ အဲဒီ သီချင်း ဆိုဖို့ ban ခံထားရတယ်။ "when you're gone, pieces of my heart are missing you" အဲဒီ တစ်ကြောင်းကို အလယ်မှာ တစ်မိနစ်လောက် ခြားပြီးဆိုမိလို့တဲ့ :'( avril ထက် peeves က ဖီလင်ပိုများလို့ ဟာကို....
ဘယ်သူ ban တာထင်လဲ။.............. အင်း ဟုတ်ပ။ မိုးကြီးပေါ့။ အဲဒီတုန်းက သူရီတာများ မျက်ရည်တောင်ထွက်တယ်။ ပြီးတော့ နောက်မဆိုပါနဲ့တဲ့.......။ သူ ဟို ငှက်အသံနဲ့ ဆိုရင်ကျတော့ peeves ကဘာမှမပြောရဘူး။ (http://www.geocities.com/testiflash/) အော် ကလေးက အသား ပျားရည်ရောင်လေးနဲ့ဆိုပါစေ ဆိုပြီး..... ကိကိကိ (ဆိုင်လားလို့ မမေးနဲ့ ငါက racism လုံးဝလုပ်တာမဟုတ်ဘူး)


ကျန်တဲ့ Grilfriend, The best damn thing နှစ်ပုဒ်လဲ တော်တော်ကောင်းတယ်။ Girlfriend က နဂို ဗားရှင်းက တော်တော့်ကို ကောင်းပါတယ်။ ဒါပေမဲ့ ချစ်တီး ၀င်ပြီး remix လုပ်လိုက်တဲ့ အခါ ...........peeves ခမျာ ...... သူကချစ်တီးဆိုတဲ့ အပိုဒ်ကို အင်္ဂလိပ်လို လို့ လုံးဝမထင်ထားဘူး။ ဒါပေမဲ့ စာသား သွားရှာ ကြည့်လိုက်တဲ့အခါ သူမျက်ရည်ဝိုင်းသွားတယ်။ avril ရဲ့  နောက်သီချင်းတစ်ပုဒ်ကိုလည်း တော်တော် ကြိုက်ပါတယ်။ "keep holding on" ပါ။ eragon ဇာတ်ကားအတွက် avril က ဆိုပေးထားတာပါ။ တလက်စတည်းပြောလိုက်ပါမယ်လေ "knocking on heaven's door", "skater boi", "Losing grip", "complicated" နဲ့ "happy ending" သီချင်းတွေကိုလည်းကြိုက်ပါတယ်။ avril ပိုပြီးမိန်းမဆန်လာတာကို တော့ ဘာမှ မပြောချင်ပါဘူး။ သူလုပ်ချင်သလို လုပ်ပါစေ။ peeves ကတော့ ကြိုက်တုန်းပါပဲ။ skater boi ထဲက ကြိုက်လာတာ အခုထိပဲ။ (http://www.avrillavigne.com/)






fergie ရဲ့  သီချင်းတွေထဲမှာ london bridge, glamorous နှစ်ပုဒ်ကို ကြိုက်ပါတယ်။ မဟားတရား ကြိုက်နေတဲ့ တစ်ပုဒ် လဲ ရှိပါတယ်။ အဲဒီ သီချင်းကို mtv တော့မကြိုက်ဘူး။ live show တွေတော့ အကုန်လိုက်ရှာ ပြီး ကြည့်ပြီးသွားပြီ။ live earth မှာလည်း သူ အဲဒီသီချင်းကို ဆိုပါတယ်။ အဲဒီ သီချင်းကို လိုက်ဆိုရတာတော့ တော်တော်မောပါတယ်။ မြန်ကလည်း မြန်တဲ့အပြင် ဆက်တိုက်ကြီးဆိုတော့..... အဲဒီသီချင်းက BIG GIRLS DON'T CRY ပါ။ catherine ရဲ့  'over it' ထက်ကို ပိုကြိုက်ပါတယ်။ fergie ကို ကြည့်ရတာ ပိန်သွားသလိုပဲ။ သူ လည်း "u rauk!!!" ပေါ့လေ။


pink ကိုတော့ အရမ်းမကြိုက်ပါဘူး။ သူကတော့ တဖြည်းဖြည်း ယောင်္ကျားကြီးနဲ့တူလာတယ်။ လန်ထွက်နေတာပါပဲ။ သူ့ နောက်ဆုံးသီချင်းတွေထဲမှာ stupid girls နဲ့ don't let me get me ကို a bit ကြိုက်ပါတယ်။



ဒီမှာရေးထားတဲ့သူတွေက အနော်ကြိုက်တဲ့ သူတွေပေါ့နော်။ ကျန်တဲ့ ဂျီးတွေကတော့ ဘာကြိုက်ကြိုက်။ ပစ်ကိုထားတယ်။ မကျေနပ်ရင် ကိုယ့်ဟာကိုယ်လာရေး။ ဒါပဲ။

အဆိုတော်တွေက လက်ရှိ ပန်းရောင် highlight ဆံပင်တွေ နဲ့ ပန်းရောင် ကို တော်တော် ကြိုက်နေကြပုံ ရပါတယ်။ peeves တောင် ကိုယ်ကြိုက်တဲ့ အနက်ရောင်ကနေ ပြောင်းရင်ကောင်းမလား စဉ်းစားနေပါတယ်။ မြင်ယောင်ကြည့်လိုက်ဦးမယ်။ ဆံပင် ပန်းရောင်၊ မျက်ကပ်မှန် ပန်းရောင်၊ သွားအတု ....ပန်းရောင်၊ ပန်းရောင် ၀တ်ထားတဲ့ ကလေး (အော် ယောင်ပြီးရေးမိ ပြန်ပြီ)။ စကားမစပ် နောင်ဆယ်နှစ် ကြာသောအခါထဲက peeves ဖြစ်လာမယ့်ဟာကို ပြန်ရုပ်သိမ်းလို့ ရမလား။ အဲဒီ လဒ ကို နည်းနည်း pissed off ဖြစ်နေလို့။ နောက် ကြုံရင် ကိုယ့်ကို ခြစ်ရာမရှိသော "စလုံး" များကို အဘယ်ကြောင့် ခြစ်ရာမရှိသင့် သနည်း ဆိုတဲ့ post လေးရေးပါဦးမယ်။ မိုးကြီးလို မကြာမီ လာမည်၊ လာချင်မှလည်းလာမည်၊ မျှော်တော့ မဟုတ်လောက်ပါဘူး။

ဒီရက်ပိုင်း အိမ်ကို လည်းလွမ်းပါတယ်။ ကျောင်းက ကန်တင်းက အစားအသောက်တွေကို စားနေရတာလည်း မုန်းလှပါပြီ။ အိမ်ပြန်ချင်တယ်..... ၀ူး...ဟူး....ဟူး

Saturday, July 14, 2007

ကျွန်မ ... ၆၁ ... ခြင် ... ဂျီး
ဘာရယ် လို့တော့မှုတ်ပါဘူး ... Peeves ရေးတာတွေဖတ်ပြီး ရေးချင်စိတ် ပေါက်လာလို့ ၀င်လာတာ ... ကျန်သေးတဲ့ နောက် ၁၀ နှစ်ကြာရင် အပိုင်း ၂ ကိုလဲ ပျင်းနေတာနဲ့မရေးဖြစ်သေးတာ .. ပြောသာပြောတာပါ .. ဘယ်သူမှစောင့်မယ်လို့လဲ မထင်ပါဘူး ... ဘာရေးရင်ကောင်းမလဲ မသိဘူး .. hp ကြည့်ပြီးတော့ရုးတာတစ်ခုလဲ ရှိသေးတယ် .. အပြင်လောကွ မှာလဲ စုန်းတွေ ရှိလောက်တယ် ဆိုပြီး ... ဟဟ .. အဲဒါကတော့ hp ကြည့်ပြီးတိုင်းရုးနေကျပါ ... ပြောရရင် J.K.Rowling ကိုလဲ အသေကြိုက်တယ် ... အရမ်းလန်းတယ်လို့တောင်ထင်တယ် ... သူမို့လို့အဲဒီလောက်ဟာတွေစဉ်းစားမိတယ် ... အခုရက်ပိုင်းအတွင်းလဲ Gwen Stefani ကိုတအားကြိုက်လာတယ် .... တော်တော် မိုက်တယ် .. ကျန်တဲ့ ဂျီးတွေတော့တစ်ယောက်မှ ကြိုက်ကြ၀ူး .... ဖြစ်တတ်ပါတယ် မိုးကြီးနဲ့ သူတို့ဆိုတာလဲ ဒီလိုပါပဲ ... လုံးဝကြီးကို လွဲနေတာ များသောအားဖြင့်က ... ဒီနေ့လဲ .. Performace တစ်ခု ကို ဂျီးတို့အကုန်လုပ်ခဲ့ကြသေးတယ် .. တကယ်တော့ ဒါက ဒုတိယပါ .. ပထမတစ်ခါ က BS (buddhist society) အနေနဲ့လုပ်ခဲ့ရတာပါ ... ဒီတစ်ခါက တော့ ဟိုင်း ကလပ် အနေနဲ့ ... ဒီတစ်ခေါက်တော့ မိုးကြီးကောင်းကောင်းပြီးသွားတယ် .. ဟိုတစ်ခါတုန်းကတော့ ဆီးမီး နဲ့က ခဲ့ရတယ် ... အင်းဟုတ်တယ် .. အားလုံး ထင်ထားကြတဲ့အတိုင်းပါပဲ .. မီးညိမ်းသွားတယ် .. မိုးကြီးလက်ထဲမှာ ... ဒီတစ်ခါ လုပ်ရတဲ့ နေရာမှာ မိုးကြီးတို့တစ်ခါကခဲ့ဖူးတယ် .. သာမီးလဲပါတယ် ... np thingyan တုန်းကပေါ့ ... အဲဒီတော့ ဒီတစ်ခေါက်မှာရင်တောင် သိပ်မခုန်ဝူး .. ပြသ၁နာက .. ညနေ ၇း၃၀ လုပ်တဲ့ performance ကို ၃း၀၀ ထဲက သွားစောင့်နေရတာပဲ ... ဒီပွဲကို စီစဉ်တဲ့လူ .. လူကြီးမင်းတို့ သိထားကြတဲ့အတိုင်း (ခြင်) ပေါ့လေ ... ထုံးစံအတိုင်း ပွထပွထ လုပ်တာကို ၃ နာရီထဲကသွားပြီး နားထောင်ရတာပေါ့လေ .. ပွဲကလဲ .. တော်တော်ကြီးကိုကြာပါတယ် .. အရင်တုံးကပြီးသွားတဲ့ ဟာတွေ .. နောက်လာမဲ့ဟာတွေ .. လတ်တလော ဖြစ်ပျက်နေတာတွေရယ် .. နဲ့ slideshow ကို သုံးခုတိတိပြသွားတယ် .. ကြားထဲမှာ .. president တို့ လက်ထောက်တို့ .. ကလဲကြားကနေ ရရင် ရသလို ၀င်ဝင် ပြီး မိန့်ခွန်းပြောပါသေးတယ် .. အဲဒါနဲ့ တင်ပြီးလားလို့တော့မထငလိုက်ပါနဲ့ ... သူတို့ အဖွဲ့ဝင်တွေကို ခေါ်ပြီးသကာလ မှာ ကျမ်းကျိန်သလို .. ဘာလိုလို နဲ့ လက်တွေ လေထဲမှာ ထောင်ထားပြီး ဆိုကြပြန်တာပဲ ... ဒါနဲ့ဂျီးတို့လဲစောင့်ကြပြန်ပါရော ... ကြားထဲမှာ peeves က၀င်ပူနေသေးတယ် ... ဒီလို ကျမ်းကျိန်တဲ့စတိုင်ကို Enma Ai (မကြီးစိုး) မြင်မှာကြောက်နေတယ်လေ .. "သူကပြောလို့မရဘူး BS မှာပါလုပ်ခိုင်းရင် ဒုတ်ခ" ဆိုပီးပေါ့လေ .. ကွိကွိ .. ဒါနဲ့ပဲပေါ့လေ .. ဂျီးတို့အလှည့်ကျလာတယ်ပေါ့လေ .. တကယ်တမ်းလုပ်ရတော့မယ် ဆိုတော့လဲ .. မိုးကြီး ရင်ကလှပ်လှပ်တော့လာသား ... ပြောရအုံးမယ် .. လူတွေဟာ စိတ်လှုပ်ရှားတဲ့အခါမှာ ကိုယ် လုပ်နေကျ မှုတ်တဲ့ဟာတွေလုပ်တာဟာ ထုံးစံလားမသိဘူး .. ဘာလို့လဲ ဆိုတော့ တစ်သက်လုံးစကားများတဲ့ မိုးကြီးဟာဆိုရင် ငြိမ်သွားပြီးတဲ့သကာလမှာ သာမီးနှင်းနှင်းဦး ဟာဆိုရင် ပွဒါးပွဒါး နဲ့ ပြောတာ ပြောတာ ... Performance မလုပ်ခင်အထိပဲ ... ဘာတွေပြောနေမှန်းတော့မသိဘူး ... သူပြောလေ .. မိုးကြီး ပိုစိတ်လှုပ်ရှားလေ ပဲ .. အဲဒါနဲ့ သူ့ကို " ဟဲ့တိုးတိုးနေစမ်းပါဟယ် .. နင်ကငါ့ကိုပိုလန့်အောင်လုပ်နေ တယ် " ဆိုပြီးပြောလိုက်ရတယ် .. အံ့သြစရာကြီးနော် ... စကားမပြောအောင် မိုးကြီးက လှန့်တယ် ဆိုပဲ =D .. ဒါနဲ့ပဲ ဂျီးတို့ လုပ်ကြတယ် ဆိုပါတော့ သီချင်းကို sign language နဲ့လုပ်ရတာပါ .. "မဆိုးပါဘူး" ဆိုတာက .. လုပ်ပြီး ထွက်လာတော့ ဂျီးတို့အားလုံးထင်ထားခဲ့တာပါ .. ဒါပေမယ့် ခြင်ကတော့ "အကုန်လုံး ကတော့ ကောင်းပါတယ် .. ဟိုနေရာလေးကတော့ ဒီနေရာလေးကတော့" .. စသဖြင့်ပေါ့လေ .. ပွားနေတုန်း ကိုဒီချစ်တီး က .. " ဟဲ့ ခြင် ငိုနေတာလား " ဆိုပြီး လာပြောတော့ ဂျီးတွေ အလုပ်ရှုပ်သွားတယ် ..( ခြင် ကို အကဲခတ်ရတာနဲ့ ).. Peeves ပြောစကားအရဆိုရင်တော့ ခြင်ဟာဆိုရင် ဒါမျိုးပွဲတွေမစီစဉ်စဖူး စီစဉ်ပြီး အောင်မြင် သွားတာကို မြင်လိုက်ရတဲ့အခါမှာ .. မျက်ရည်တောင်လည်ခဲ့မိပါတယ် ပေါ့လေ ... ဟဟ .. ဒါနဲ့ပဲ အားလုံးက သူ့စကားကို အတည်ယူလိုက်ကြတယ် .. ဟုတ်တယ်လေ .. ပြီးသွားမှတော့ သူ့ဟာသူ မျက်ရည်မကလို့ နှပ် ပဲထွက်ထွက် .. ဘာလုပ်လို့ရနိုင်တော့မှာကြလို့ .. ဒါနဲ့ပဲဂျီးတို့လဲအိမ်ပြန်ကြတာပေါ့ .. အဲဒီမှာ ဆက်လက် ပြီး ကံဆိုးသူ မောင်ရှင် က .. မိုးကြီး ပေါ့ .. ၆၁ နဲ့ ပဲ ဘူးကစ်ဘားတုပ်ကို ပြန်တဲ့ ခြင် နဲ့ တပျော်တပါးကြီး ကားဂိတ်မှာ ဆုံကြတာပေါ့ .. မလာပါစေနဲ့ လို့ဆုတောင်းနေတဲ့ မိုးကြီး ဘေးနားကို လာထိုင်ပါတယ် ... ခုန က မျက်နှာပေးနဲ့ပဲ ... (ငိုချင်သလို ပီတိဖြာသလို နဲ့) "ပွဲကိုဘယ်လိုထင်လဲဟင်" ဆိုပြီး စလိုက်တာ .. တော်တော် ကြီး ကြာအောင်နားထောင်လိုက်ရတယ် .. ဒီတစ်ခါတော့ တစ်ယောက်ထဲဆိုတော့ အာခံလို့ ကလဲ မရ ... မသိချင်ယောင်ဆောင်ဖို့ကလဲ .. မဖြစ် .. နဲ့ မိုးကြီး ဖီလင်အောက်အောက်နဲ့ ပေါ့ ... ၆၁ လာတဲ့အထိဆိုပါတော့လေ ... ဘလိုင်းတော့ဘလိုင်း ကြီးပဲ ဒါပေမယ့် .. ဟိုဟာမတွေကို တော့ လှမ်းပြီး ကျိန်ဆဲလိုက်သေးတယ် .. ကွိကွိ .... နောက်မှတွေ့မယ်ကွယ် .. ဒီနေ့တော့ဒီလောက်ပဲ ..

Friday, July 13, 2007

harry potter and the order of the phoenix

ဟယ်ရီပေါ်တာကားတွေ ထွက်ပြီးသမျှထဲမှာ ss(soccerer's stone) နဲ့ cos(chamber of secrets) ကို အကြိုက်ဆုံးပါ။ ၁၁ ရက်နေ့က နောက်ဆုံးထွက်တဲ့ ootp ကို သွားကြည့်ပါတယ်။ ဂျီးအဖွဲ့တစ်ဖွဲ့လုံးနဲ့ enma ai ရယ်၊ သူ့အမရယ်ပါပါတယ်။ လက်မှတ်ကို ဘွတ်ကင်လုပ်ပြီးကို သွားကြည့်တာပါ။ credit to enma ai ပေါ့နော်။ ဘွတ်ကင်က သူလုပ်ပေးတာဆိုတော့ ။ တစ်ခုလေးပဲပြောစရာရှိပါတယ်။ vivo city က GV ကို ဘွတ်လုပ်တာ orchard great world city က GV ရောက်သွားတာလေးတခုပါပဲ။ ဒါပေမဲ့ အဲဒီနေရာလည်းတော်တော်ကောင်းပါတယ်။ (ချစ်တယ်နော် enma ai ;P)

ဇာတ်ကားက ညနေ ခြောက်နာရီ မိနစ်ငါးဆယ်မှာ စပါတယ်။ great world city ဘယ်မှာမှန်းမသိလို့ တက်စီ ငှားပြီး ချီတက်ကြပါတယ်။ ထုံးစံအတိုင်း လမ်းမမှားရတော့ နည်းနည်းတောင် ပျင်းတယ်၊ ကိကိ
ညနေစာကို အဲဒီမှာပဲတွေ့တဲ့ ဂျပန်ဆိုင်မှာ စားပါတယ်။ ပြီးတော့ ရှော့ပင်း ပတ်လိုက်တာ တစ်ယောက်ကို နှစ်ဆယ် သုံးဆယ်လောက် ချောတဲ့သူ ချောသွားပါတယ်။ ပြီးတော့ ရုပ်ရှင်ရုံရှိတဲ့ သုံးထပ်ကို သွားကြပါတယ်။ ဒါက ဒုတိယအခေါက်ပါ။ လက်မှတ်က ရောက်ရောက်ချင်း သွားထုတ်ပြီးပါပြီ။ (စတစ်ကာ တိုက်ပွဲအကြောင်းတော့ မပြောတော့ပါဘူးနော့) ။ ပေါက်ပေါက်ဆုတ်ရယ် ကိုကာကိုလာရယ်ဝယ်ပြီး ရုံထဲဝင် ကြပါတယ်။ နောက်ဆုံးတန်းမှာ ထိုင်ကြည့်ပါတယ်။ အားလုံးပဲ အမြော်အမြင်ကြီးစွာနဲ့ အနွေးထည်တွေယူလာကြပါတယ်။

ဇာတ်လမ်းမပြခင် trailer တွေအများကြီးပဲ ပြပါတယ်။ (ဟို ကြွက်အပြာရောင်လေးကားရယ် ၊ ဂျက်ကီချန်းရယ်သွား ကြည့်ချင်တယ်)။ ပြီးတော့ ဇာတ်လမ်း ပြတယ် ပြတယ် ပြတယ် ပေါ့နော်။ peeves ခမျာ သူ့ဘေးမှာ အကြံ နဲ့ လာထိုင်တဲ့ မိုးကြီး နဲ့ ကိုဒီ ကို ဘာသာပြန်တာလည်း မဟုတ် စာအုပ်ပြန်ပြောပြတာ လဲမဟုတ်၊ ဘာမှန်းလဲမသိ ပြောပေးနေရပါတယ်။ ဇာတ်လမ်းက စုစုပေါင်း ၂ နာရီ ၁၈ မိနစ် ကြာပါတယ်။ ဒါရိုက်တာ က "David Yates" ပါ။ ဇာတ်ကောင် အသစ်တွေထဲမှာ luna lovegood(Evanna Lynch) ကိုကြိုက်ပါတယ်။ မိုးကြီး ကြိုက်တဲ့ ကလေးလေးကိုလည်း ကြိုက်တယ်။ nymphadora tonk(natalia tena)ကို လည်းကြိုက်တယ်။ သူ့ကို စာအုပ်ဖတ်တုန်းက အဲဒီလောက် ချောမယ်လို့ မတွေးထားဘူး။ Dudley ကတော့ ဧရာမလူကြီးဖြစ်နေပါပြီ။ harry ကတော့ shortie like mine ပဲရှိပါသေးတယ် ကိကိ။ (hermione နဲ့ အရပ်တူနေပြီလို့တော့ထင်တာပဲ)။ dumbledore အသစ်ကိုတော့ အခုထိမကြိုက်သေးပါဘူး။ ss နဲ့ cos မှာသရုပ်ဆောင်တဲ့ Hodgkin's disease နဲ့ သေသွားတဲ့ အဖိုးကြီး (Richard Harris) ကိုပို ကြိုက်ပါတယ်။ Ginny ကိုလည်း အမြင်ကတ်ဆဲပါပဲ။ Fred & George ကိုတော့ အလေးပြုပါတယ်လို့ (they r the damn best twins, haha)။ Umbridge ကတော့ မကောင်းပေမဲ့ မဆိုးဘူးထင်ပါတယ်။ [မိုးကြီး သူ့လိုလဲ မရီတတ်ဘူး ;( ] Quiddtich တစ်ခန်းမှ မပါတာကတော့ လက်မခံချင်စရာပါပဲ။

ထုံးစံအတိုင်း စာအုပ်ထဲက အခန်းတွေ အများကြီးကို ကျော်ထားပါတယ်။ စာအုပ်က စာမျက်နှာ ၂၀၀ လောက်ကို သူက မိနစ် ၂၀ နဲ့ ရိုက်ပြထားပါတယ်။ ဒါပေမဲ့လည်း J.K.Rowling ပြောသလိုပါပဲ သူမက လက်ကလေးလှုပ်ပြီးရေး လိုက်ရင် ပြီးပြီ။ ရိုက်ရတဲ့ ဒါရိုက်တာက............. ။ ဒါကြောင့် နားလည်ပေးလို့ ရပါတယ်လေ။ သူ မရိုက်ပေးရင် ကိုယ်ကြည့်ရမှာတောင်မဟုတ်ဘူး။ ရီရတာ တစ်ခုတော့ရှိတယ် ဗီလိန် Umbridge ကို ဂျီးအဖွဲ့ ကချစ်သလိုလိုဖြစ်သွားပါတယ်။ သူစကားပြောတာ အကုန်နားလည်လို့ပါ။ တရုတ်စာတမ်းထိုးတော့ အဆင်ပြေတဲ့သူတွေလည်း တော်တော်ပြေပါတယ်။ ဟိုဘာသာစကား မတောက်တခေါက် ဒီဘာသာစကားမတောက်တခေါက် တတ်တဲ့ peeves နည်းနည်းတော့ ပွထရှာပါတယ်။ သူ ဘရစ်တစ်ရှ် အက်စန့်ကို တော့ ကြိုက်တုန်းပါပဲ ဟီဟိ။ ဇာတ်ရှိန်တက်လာတာနဲ့ အမျှ လူတွေလည်း အရှိန်တက်လာပါတယ်။ ရေခဲရိုက်ခံထားရသလိုပါပဲ။ အဲယားကွန်းကတော့ ရှယ်ကောင်းပါတယ်။ ဟယ်ရီတို့ ministry of magic မှာ ချနေတဲ့ အချိန်မှာ အပြင်မှာလည်း လူတွေ အအေးဓာတ်နဲ့ တိုက်ပွဲဖြစ်နေပါတယ်။ မိုးကြီးဆို ရင်ထဲမှာ ဟာသွားတယ်ဆိုလား၊ လှိုက်တက်လာတယ်ဆိုလား ပြောပါတယ်။ အဲယားကွန်းက ဇာတ်လမ်းထက် ပိုစွမ်းပါတယ်။ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ ဂျီးအဖွဲ့ဝင်တွေဟာ မိမိ ဘ၀ သာယာစိုပြေရေးအတွက် အိမ်သာကိုပြေးကြပါတယ်။ အိမ်သာမှာ လည်း လူတန်းက တော်တော့်ကို ရှည်ပါတယ်။ ပြီးတော့ အိမ်ကို အဆင်ပြေသလို (ဟင့်အင်း တက်စီ ဟုတ်တော့ဘူး) ဘတ်ချကားနဲ့ လစ်ကြပါတယ်။

နောက်ဆုံး နံပါတ် ခုနစ်စာအုပ် က ၂၁ ရက်နေ့မှာ ထွက်ပါမယ်။ ဒီဇာတ်ကားက အဲဒီ စာအုပ်မလာသေးခင် အာသာပြေပေါ့။ စာအုပ်ကလည်း pre-order မှာထားတဲ့သူကို ဘွက်ပြီးသား ကွိကွိ။ အချိန်အားပြီး ပိုက်ပိုက်လည်းရှိတယ် ဆိုရင်တော့ သွားပြီးကြည့်လိုက် ကြပါ။ peeves ကတော့ လူတစ်ယောက်တိတိကို သွားကြည့်အောင် ဆွဲဆောင်ပြီးသွားပါပြီ။ ဟယ်ရီပေါ်တာ ပရိတ်သတ်အနေနဲ့ ဒီဇာတ်ကား box office မှာပါပါစေ။ record တွေချိုးပါစေ လို့ဆုတောင်းပါတယ်။ (malfoy ကို နှစ်ခန်းပဲပါအောင် ရိုက်တဲ့ ဒါရိုက်တာလည်း မေတ္တာပို့စာတွေ အများကြီးရပါစေ။ ကျန်တာတွေအားလုံးခွင့်လွှတ်နိုင်တယ် ဒါကတော့......)


for my gyis who say they loathed this kiss and still watched it without blinking!

she is so soft and girlish and i want her to b my sis-in-law (malfoy's sis) :D

From today onwards, i'll call the females i dun like bellatrix lestrange

my fav scene during the whole movie, go & check it out urself what is it all abt!!!

umbridge = pink, moe gi = not pink, therefore, moe gi = not umbridge (agree??)

my poor be`(leftmost one) (I go & c ootp & dont c him, then i go 4 wat?????? ga yar)

a fatherly love..... (JK u r too cruel to take sirius away from harry, give him bk!!!)

my girl tonk!

Tuesday, July 10, 2007

童话 (Fairy Tale)

Guang Liang Tong Hua (Fairy Tale)

wang le you duo jiu
zai mei ting dao ni
dui wo shuo ni zui ai de gu shi
wo xiang le hen jiu
wo kai shi huang le
shi bu shi wo you zuo cuo le shen me

#
ni ku zhao dui wo shuo
tong hua li du shi pian ren de
wo bu ke neng shi ni de wang zi
ye xu ni bu hui dong
cong ni shuo ai wo yi hou
wo de tian kong xing xing dou liang le

*
wo yuan bian cheng tong hua li
ni ai de na ge tian shi
zhang kai shuang shou
bian cheng chi bang shou hu ni
ni yao xiang xin
xiang xin wo men hui xiang tong hua gu shi li
xin fu he kuai le shi jie ju

Repeat # and *
wo yao bian cheng tong hua li
ni ai de na ge tian shi
zhang kai shuang shou
bian cheng chi bang shou hu ni
ni yao xiang xin
xiang xin wo men hui xiang tong hua gu shi li
xin fu he kuai le shi jie ju
wo hui bian cheng tong hua li
ni ai de na ge tian shi
zhang kai shuang shou
bian cheng chi bang shou hu ni
ni yao xiang xin
xiang xin wo men hui xiang tong hua gu shi li
xin fu he kuai le shi jie ju

Yi qi xie wo men de jie ju

English ( tranlation)
I've forgotten how long it has been
since I've never again...
listened to you telling your beloved fairytale
I've thought for a long time
I start to panic
have I done something wrong?
You said to me with full of tears
Inside the fairytale are all lies
I can't possibly be your prince
Maybe you can ever understand
You said I love you ever after
The stars in my sky has lightened up
I'm willing to be
that angel you love inside the fairytale
Spread up my hands
become the wings to protect you
You must believe
believe that we can be like that in the fairytale
prosperity and happiness is the ending
You said to me with full of tears
Inside the fairytale are all lies
I can't possibly be your prince
Maybe you can ever understand
You said I love you ever after
The stars in my sky has lightened up
I'm willing to be
that angel you love inside the fairytale
Spread up my hands
become the wings to protect you
You must believe
believe that we can be like that in the fairytale
prosperity and happiness is the ending
I want to be
that angel you love inside the fairytale
Spread up my hands
become the wings to protect you
You must believe
believe that we can be like that in the fairytale
prosperity and happiness is the ending
I will be
that angel you love inside the fairytale
Spread up my hands
become the wings to protect you
You must believe
believe that we can be like that in the fairytale
prosperity and happiness is the ending
Let's write our ending together

(eng)Group song 2007

ဂျီးအဖွဲ့  က တစ်နှစ်တစ်ခါ group song ရွေးလေ့ရှိပါတယ်။ ဘို သီချင်းတစ်ပုဒ်၊ မြန်မာသီချင်းတစ်ပုဒ်ပါ။ ဂျီးအဖွဲ့ စတင်တည်ထောင်တဲ့ ၂၀၀၆ က စပြီးရွေးထားတာ လေးပုဒ်ရှိပါပြီ။ ပြီးရင် အဲဒီ သီချင်းတွေနဲ့ ဘာလုပ်လဲဆိုတော့ ကြုံသလို အဖွဲ့လိုက်ဆိုပါတယ်။ ဘယ်သူကမှ ခေါ်ဆိုခိုင်းတာတော့မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် အော်ကြရတာပါပဲ။ မဆိုနိုင်ရင်တော့ ဟင်း ဟင်း ဟင်း….


I'm over your lies,and I'm over your games.I'm over you asking me,when you know I'm not okay.You call me at night,and I pick up the phone.And then you be telling me,I know your not alone.ohh..
Thats why(your eyes)I'm over it(your smile)I'm over it(realize)I'm over itI'm over itI'm over..
Wanting you,to be wanting me.No that ain't no way to be.How I feel, read my lips,because I'm so over..Moving on, its my time,you never were a friend of mine.Hurt at first, a little bit,but now I'm so over.I'm so over it..
I'm over your hands,and I'm over your mouth.Trying to drag me down,and fill me with self-doubt.ohh..
Thats why,(your words)I'm over it(so sure)I'm over it(i'm not your girl)I'm over itI'm over itI'm over...
Wanting you,to be wanting me.No that ain't no way to be.How I feel, read my lips,because I'm so over..Moving on, its my time,you never were a friend of mine.Hurt at first, a little bit,but now I'm so over.I'm so over it..
Don't call,don't come by,ain't no use,don't ask me why,you'll never change,there'll be no more crying in the rain.
Wanting you,to be wanting me.No that ain't no way to be.How I feel, read my lips,because I'm so over..Moving on, its my time,you never were a friend of mine.Hurt at first, a little bit,but now I'm so over.I'm so over it..
I'm so over it....I'm over it....
Wanting you,to be wanting me.No that ain't no way to be.How I feel, read my lips,because I'm so over..Moving on, its my time,you never were a friend of mine.Hurt at first, a little bit,but now I'm so over.I'm so over it..

အတွင်းရေးများ (အပိုင်း ၂)

သူတို့ အားလုံးအိမ်လွမ်းကြသည်။ အဲယားကွန်းကြိုက်ကြသည်။

အီးတီ တစ်ကောင်လိုချင်ကြသည် (ထမင်းချက်ပေးရန်၊ အ၀တ်လျှော်၊ မီးပူတိုက်၊ လပ်တော့သယ်ရန်၊ ပရောဂျက်လုပ်ခိုင်းရန်၊ buffering မဖြစ်ဘဲ ကိုရီးယားကားများ ကြည့်ရအောင်လုပ်ပေးရန်၊ စာရှင်းပြရန် စသည်ဖြင့်..... ဤ စာကိုဖတ်နေသူများထဲတွင် အီးတီတစ်ကောင်ကောင်ပါပါက အလုပ်လာရောက်လျှောက်ထားနိုင်ပါသည်။ လခကို မြန်မာကျပ်ငွေဖြင့် ရှင်းပေးမည်။ ဆက်သွယ်ရန် - ၉၉၉) (enma ai ကတော့ တစ်ကောင် ထွင်ပေးမယ်လို့ ၀ါး တားတားပြောထားပါတယ်)

သူတို့တွင် မွေးစားထားသော ကလေးများရှိကြသည်။


peeves's

little tar zan

jr. moe


little jitty
my grandkid
သူတို့သည် စလုံးသို့ မလာမီက လိပ်များအပေါ် မေတ္တာထားခဲ့ဖူးကြသည်။
သူတို့ မသွားချင်သော်လည်း သွားရသော နေရာ = expo
သွားချင်သော်လည်း မသွားဖြစ်သောနေရာ = east coast
သူတို့သည် အိမ်သန့်ရှင်းရေးလုပ်ရန် မျက်ရည်ဝဲတတ်ကြသည်။
သူတို့သည် အာဇာနည် ၏ အပြစ်မတင်ရက်ပါသီချင်းကို ရေရွတ်တတ်ကြသည်။...
အတင်းပြောခြင်းကို အနုပညာတစ်ရပ်ဟု ခံယူထားကြသည်။
ဘောလုံးကန်ရာတွင် တစ်သင်း ဆယ့်တစ်ယောက်ကန်မှန်း သိကြသည်။
သူတို့သည် ဒိုင်ယာနာ မင်းသမီး၏ သား မင်းသားဝီလျံ နှင့် လုံးဝ(လုံးဝ) မပတ်သတ်ကြပါ
ကြောင်များအား အသေအလဲ မုန်းတီးကြသည်
အကြီးမားဆုံး မျှော်လင့်ချက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလား ဖိုင်နယ်ကန်သည့်ပွဲကို သွားရောက်အားပေးရန် ဖြစ်သည်။
စာကြည့်တိုက်တွင် မုန့်စားရသည်ကို မြတ်နိုးကြသည်
ဒွေးချိုး၊ လေးချိုး၊ ရတု၊ ရကန်၊ အိုင်ချင်း၊ အဲချင်း၊ သဖြန်၊ လေးလုံးစပ်၊ ကာရန်၊ နဘေ တို့ကို လေးစားသမှုဖြင့် မလေ့လာကြပါ (ရှေးအမွေအနှစ်တွေ ကိုယ့်ကြောင့် ပျက်စီးမည်ကို ကြောက်ကြသည်)။
ဖီလော်ဆိုဖာများအဖြစ်ကို ကျောင်းတွင် တစ်ခါတစ်ရံ ခံယူကြသည် (ဘာဘာဘာမှမသိဘူး)
ဂါထာတစ်ခုကို ယုံယုံကြည်ကြည် ရွတ်ဆိုကြသည် (ဥုံ ဖြစ်ချင်ရာ ဖြစ်)
ကိုရီးယားဘာသာ စကား ကို ကိုရီးယားကား ကြည့်ခြင်းဖြင့် တတ်မြောက်နိုင်ခြင်းရှိမရှိ သုတေသနလုပ်နေကြသည်။ (ထို သုတေသန စာတမ်းဖြင့် ကမ်းဘရစ်ခ်ျ မှ ဒေါက်တာဘွဲ့ ယူမည် ဟုလည်း ကောလဟာလ ထွက်နေသည်။)
နောက်ဆုံးရရှိသော သတင်းမှာ ဟောလိဝုဒ်မှ FANTASTIC FIVE ဇာတ်လမ်းရိုက်ရန် ကမ်းလှမ်းချက်ကို စဉ်းစားနေသည်။ (ရိုက်ကူးထုတ်လုပ် ဖြန့်ချိရေးမှ လွဲလျှင် ကျန်ကုန်ကျစရိတ်ကို ဟောလိဝုဒ်မှ ကျခံမည်ဆို၍)
သူတို့ကို ဂျီးအဖွဲ့ဟု ခေါ်သည်။

Monday, July 9, 2007

(mm)Group song 2006

MinMawKoon_nhotemasatparnelt...

we dun need lyrics, do we??? wanna skip the first 50 seconds thought....

haha :D

(eng)Group song 2006



Who are you now?Are you still the same
Or did you change somehow?What do you do
At this very moment when I think of you?
And when I'm looking backHow we were young and stupid
Do you remember that?
BabyNo matter how I fight itCan't deny it
Just can't let you goI still need youI still care about you
Though everything's been said and doneI still feel you
Like I'm right beside youBut still no word from you
Now look at meInstead of moving on, I refuse to see
That I keep coming backAnd I'm stuck in a moment
That wasn't meant to last (to last)I try to fight it Can't deny it
You don't even knowThat I still need youI still care about you
Though everything's been said and doneI still feel you
Like I'm right beside youBut still no word from youOhhhh
Wish I could find youJust like you found me
Ohhhhh (can't live without you)
Though everything's been said and done (yeah)
I still feel you (I still feel you)Like I'm right beside you
(like I'm right beside you)But still no (still no word) word from you

Saturday, July 7, 2007

ရောက်တတ်ရာရာ...

အဟမ်း

ဟိုတလောက ကြိုက်တတ်တဲ့ ဟာတွေရေးပြီးတော့ အခုမုန်းတတ်တဲ့ဟာတွေ မရေးပါဘူး။ ရေးချင်တဲ့ဟာပဲ ရေးမှာပေါ့။ ပရိတ်သတ်တွေ ကျေနပ်တယ်နော်။ မကျေနပ်ရင် ကိုယ့်နားရွက်ကို ကိုယ်ပြန်ကိုက်၊ ဟွန်း

(ခွင့်လွှတ်ပေးလိုက်ကြပါ ခင်မျာ။ သူအပူလှိုင်း ထိတာများလို့ ဒီလိုဖြစ်သွားတာပါ၊ ခွင့်မလွှတ်နိုင်ရင်လည်း အဲယားကွန်းတစ်လုံးသာ ၀ယ်ပေးလိုက်ကြပါ။)

ကျွန်တော်မသိခြင်းများ....

မယ်တင် ရေ

ဟိုတုန်းက အင်းယားလမ်းက ပန်းဆိုင်မှာ တွေ့တုန်းက သတိရရဲ့ လား အမြဲမေးပြီးတော့ အခုတော့ ဘာပဲဖြစ်ဖြစ်ပေါ့ ဟုတ်လား။ နင်က ပန့်ခ် အကြောင်းမပြောနဲ့ ဆိုလို့ ငါ့ရဲ့  အားလုံးအတွက်ပန့်ခ် ဆိုတဲ့ ခံယူချက် ကိုတောင်စွန့်လွှတ်ပြီး ချစ်ခဲ့တာပါဟာ။ နင်...မချစ်ရင် ငါ ဟင်းလင်းပြင်ထဲမှာ ရောက်နေသလို ဖြစ်သွားမှာပေါ့။ နေ၀င်သွားသော ဘ၀များ ထဲမှာ ငါ့ဘ၀ တစ်ခုထပ်တိုးသွားမှာ နင်မြင်ရက်သလားဟာ။ ကျေးဇူးပြုပြီး နင့်ကြောင့် ပလက်ဖောင်း မင်းသား ဖြစ်နေတဲ့ ငါ့ကို ပြန်ကြည့်ပါဦး

နင် နဲ့ ငါ နီးနီးလေး နဲ့ မဝေးပါရစေနဲ့ဟာ။ နင့် ဟက်ပီးဘတ်ဒေး တိုင်းမှာလည်း ခုနစ်နာရီ ထိုးအထိ သာတီသရီး စီးပြီး ငါတို့ လျှောက်လည် ခဲ့ဖူးတယ်။ မင်္ဂလာဆောင်ကို ရွှေ့  လိုက်တော့ လို့ နင်ပြောတုန်းက ငါ ကာတွန်း စာအုပ်တောင် မဖတ်နိုင်ဘဲ ဖြစ်သွားတာနင်သိလား ။ ငါ ပိုးဟပ်တစ်ကောင် ကို အားလုံးကို ဖြတ်ပစ်မယ် လို့သွားပြောတာရော နင်သိလား။ ဒါတွေ ဟာ နွေဦးမှာ ဖြစ်တတ်တဲ့ ပြဇာတ်မဟုတ်သော ပြဇာတ် တစ်ပုဒ်ပဲလား ။

သူငယ်ချင်းတစ်ယောက် အကြောင်းကြားတုန်းကတောင် မလွမ်းတဲ့ဆေး ရှိမှာပါလို့ တွေးမိသေးတယ်။ ချာတိတ်တစ်ယောက်ရဲ့  အံချော်ခြင်းတွေ ပာာ ဘယ်တော့မှ ပြီးမှာလဲ။ ရွှေယုန်နဲ့ ရွှေကျား ပုံပြင် တွေလည်း နားမထောင်ချင်တော့ဘူး။ နင် နဲ့ ငါ့ အကြောင်းတွေ အိပ်မက်မက် လည်း နောက်ဆုံးတော့ အိပ်မက်က အိပ်မက်ပါပဲ။ နင့်ရဲ့  အတိတ်မေ့ခြင်းတွေ ပြီးသွားမဲ့ အချိန်ကို ငါစောင့်နေပါ့မယ်။ နင်ငါ့ ကို ဖြေးဖြေးညှင်းပါ ဟာ။

ငါ့ကို နားလည်ပါ လို့လည်း မပြောတော့ပါဘူး။ ငါ့ကို ဗီလိန် တစ်ယောက်လို့ သတ်မှတ်ချင်လည်း သတ်မှတ် လိုက်ပါ၊ ငါက နာမည်ကြီး တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ နင် နောင်တ မရခင် တစ်ခုတော့ မေးခွင့်ပြုပါ.... ငါလိုလူကို မချစ်ရင် မင်းလေး ဘယ်သူ့ကို ချစ်မှာလဲ လို့

all the credit goes to mr. kyar pauk! GYI loves him!!!!

Friday, July 6, 2007

နောက် ၁၀ နှစ်ကြာသောအခါ ..... ဘာတွေဖြစ်ကြမလဲ စဉ်းစားကြည့်ရအောင်


မိုးကြီး
ယောက်ျားရနေပြီ ... ကလေးက၂ယောက် သားချည်းပဲ .. အငယ်ကောင်က သူနဲ့တော်တော်တူတယ် .. ၂ယောက်လုံးအချောချည်းပဲ .. သားတို့အဖေကလဲ ချောတယ်လေ ... ငှဲငှဲ ... (လူကြီးမင်းတို့ထင်ထားတဲ့တစ်ယောက်ပဲ .. ) poly ပြီးကတဲက .. uni တန်းတက်တာ အောင်ရော တဲ့ .. အဲဒါနဲ့ တစ်ခုခုမှာ ၀င်လုပ်နေတာ တော်တော်တောင် ကြာပေါ့ .. ခက်တာက .. သူဟာဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ဘာမှမဆိုင်အောင်ကို ၀နေတယ်တဲ့ .. (အခုကလုံးရုံ ဟီး ... ) ဘာသာ၎မျိုးလောက်ကျွမ်းကျွမ်းကျင်ကျင် တတ်နေပီ ... သူအတော်ဝါသနာထုံတဲ့ပန်းချီကို ပြင်သစ်မှာသွားသင် လိုက်သေးတယ် ပြပွဲတောင်လုပ်လိုက်သေး ... ဒါပေမဲ့လာတဲ့လူတော့သိပ်မရှိဘူး စပွန်ဆာပေးတာက ချစ်တီး နဲ့ သာမီး ... ရှုံးတာမှ နှစ်ပြားတောင် မတန် ၀ူး .. အဲ ၂ ချပ်တော့ရောင်းထွက်သွားတယ် ... ၀ယ် သွား တာက သူ့ ချစ်သောရွှေကြီးနဲ့ မိုးကြီးယောက်ျား (ဒါတောင် သူတို့ပုံတွေဖြစ်နေလို့) ... အဲဒီပွဲနဲ့ပတ်သတ်ပြီး ချစ်တီးတို့နဲ့လဲ တော်တော် ပြသ၁နာ တက်သွားတယ် .. ဟို ကလဲ တစ်ဝက်တော့ပြန်ပေးပေါ့ ..မိုးကြီးကလဲ .. ဒါ သူ့အနုပညာကိုအဆော်ကား မခံနိုင်ဘူးပေါ့ ... ဒါနဲ့နောက်ဆုံးတော်တော် ညှိုယူလိုက်ရတယ် ... သူတို့ သမီး တူမ နဲ့ မိုးကြီးသားတွေနဲ့ ပေးစားဖို့ .. (တော်သေးတယ် ...) လွယ်လွယ်နဲ့ပြီးသွားလို့ =D ... ဒါတောင် အငယ်ကောင်မှဝိုင်းလုကြလို့ .. သူတို့အချင်းချင်းတော် ကွိုင် သွားသေးတယ် .. ဟူးးးးး .... နောက်လဲမိုးကြီးဟာတွေက တော်တော်များတယ် ... နောက်မှကြုံရင်ဆက်ရေးမယ် ....
ရွှေကြီး
သူလဲပညာရေးကတော့ မိုးကြီးလိုပဲ .. ဒါပေမယ့်ကြင်ရာရေးကတော့ မိုးကြီးလိုဟုတ်ဝူး ... သူက .. တရုတ်ပြည်မကြီးက သူ့အမျိုးတွေပေးစားတဲ့ ကောင်လေး နဲ့ယူရတာ ... ကောင်လေးကို သွားကြည့်မယ်ဆိုတော့မယ် .. ဆိုတော့အကုန်လုံးက နှုတ်ဆက်ပွဲတွေဘာတွေလုပ်ပေါ့လေ အကုန်လုံးကလဲအလုပ် နဲ့ဆိုတော့လဲ လိုက်လို့ကမဖြစ် .. အဲဒါနဲ့ဒိုးသွားရောပေါ့လေ ... (အဲဒီတောအတွင်းကဖုန်းတောင် ဆက်ဝူး)သူတို့လဲ ဟိုမှာ ဘာဆောင်ညာဆောင် လုပ်ပြီး ပြန်လာကြရော ... ရွှေကြီးကိုနောက်ပွဲပေးခိုင်းတာပေါ့ ...လားလားလား ရောက်လာတော့ .. သူ့မျက်နှာမှာမှိုတွေပဲရှိတယ် ... ပျော်လွန်းလို့မှိုတက်သွားတာလေ ... သူနဲ့လက်ထက်ရတဲ့ကောင်က .. သူလွန်ခဲ့တဲ့ ၁၀နှစ်က သူခြစ်ရာအကြီးအကျယ်ရှိတဲ့ကောင်လေ ... အားလားလားလား ... ပြောမနေနဲ့ .. ပျော်တာမှ ... သူကတော့ သနားပါတယ် .. ကောင်လေးက .. အလုပ်လုပ်ဝူးလေ .. အိမ်မှာ .. shaker fries စားတယ် .. ချတ်တယ် ... ကစားတယ် .. ဘုရားကျောင်းတက်တယ် .. အရင် ၁၀နှစ်ကအတိုင်းပဲ .. ရွှေကြီးဆိုတဲ့အမိုက်မကလဲ .. အဲဒီကောင်ကိုသဲသဲလှုပ်ဆဲ ... အလုပ်ကနေ testi တွေလှမ်းပို့တာ အလုပ်ပြုတ်ဖို့နဲနဲပဲ .. တော်သေးတယ် .. အလုပ်ရှင်နဲ့သူနဲ့က .. ကျောင်းနေဘက်တွေလေ .. သိတယ်မှုတ်လား .. အခု sg မှာ တော်တော်နာမည်ကြီးတဲ့ အမျိုးသမီးပဲ .. ကျောင်းတုန်းကထဲကနာမည်ကြီးပါ .. စေ့စပ်တဲ့နေရာ .. အလုပ်ကြိုးစားတဲ့နေရာ .. သူက အဲဒီcompany မှာပြောရေးဆိုခွင့်ရှိသူထဲကတစ်ယောက်ဆိုလဲ မမှားဘူး ... ဒီအမီးတို့ ဂျီးအဖွဲ့ ကဟာတွေအားလုံး သူ့ဆီမှာရဖို့ကပ်တယ် .. ဒါပေမယ့်သူကတော့ရွှေကြီးမှရွှေကြီးပဲ .. ရွှေကြီးဆိုတဲ့ငတိမကလဲ လွန်ခဲ့တဲ့၁၀နှစ်က စကားနဲ့ပြောင်းပြန်ပဲ .. ၀င်သွားတာမှတန်းကနဲပဲ .. အော် .. ပြောရအုံးမယ် ... ဟုတ်တယ် အားလုံးထင်ထားတဲ့ အတိုင်းပဲ .. တချိန်က .. မကြီးစိုး ပဲပေါ့ ... (အခု Enma Ai လို့တရားဝင်ပြောင်းလိုက်ပီ) ... ကဲနောက်တစ်ယောက်စဉ်းစားရအောင်
really wanna sleep now .. i ll write .. abt others tml .. haha XD ..
again thx for reading my post

Tuesday, July 3, 2007

တွေးမိတာလေးတွေ

ဟီဟိ
ဒီနေ့ စဉ်းစားမိတာလေးတစ်ခု ရေးကြည့်မယ်
သူများနိုင်ငံမှာ ကျောင်းလာတက်ရတာဆိုတော့ နဲနဲ စိတ်နာတာလေးတစ်ချို့  ရှိတယ်
ဟိုဟာလုပ်မယ်ဆိုလဲ ဒါက မင်းတို့လိုနဲ့ဆိုဘယ်လို မသင့်တော်တာ .. ဒီဟာဆိုလဲ မင်းတို့ဆိုလုပ်နိုင်မယ်မထင်ဘူး ... အဲဒါနဲ့ပဲ တစ်ချို့  မခံချင်စိတ် ကြီးတဲ့ ကျောင်းသားတွေကတော့ ကြိုးစားကြတာပေါ့ (မှတ်ချက် .. မီးမပါ. မီးလဲကြိုးစားတာပါပဲ but ရ၀ူးပေါ့လေ ) ဒါတောင်လွတ်မယ်ထင်လား ရသေးဘူး .. အေး နင်တို့ကအဲဒီလိုပဲ .. အစတော့ကောင်းကြတယ် နောက် semester တွေကြရင် လျော့သွားကြရော ဆိုပြီး ပြောကြသေးတာ .. (သူများပြောပြတာတွေပါ ... မီးကိုတော့ ဘယ်စလုံးမှရန်လာ လုပ်သေးပါဘူး ... ) နိုင်ငံတကာကျောင်းသားတွေဆိုရင်ဒီလိုပါပဲ ... အထူးသဖြင့်တိုးတက်တဲ့ နိုင်ငံကလာတဲ့ အမီးတို့လိုဆိုရင်ပေါ့လေ ဟီးဟီး ... ကဲပါ ထားပါလေ .. မြန်မာလူမျိုးလိုပဲပေါ့ တစ်ချို့ ကောင်းတဲ့ စလုံးတွေလဲ ပုံလို့ .. ငှဲ ငှဲ ...
စဉ်းစားမိတာက ... တစ်ချိန်မှာပေါ့လေ .. မီးတို့နိုင်ငံ ကြီးက တအားတိုးတက် ... ပညာရေးတွေကလဲ အံ့မခန်း ... ထားပါတော့ စင်ကာပူ က စလုံးတွေတောင် လာတက်ရတယ်ပေါ့ ... မထူးပါဝူး လုပ်လက်စနဲ့ မဖြစ်နိုင်တာတွေအကုန်ပြောလိုက်အုံးမယ် မြန်မာစကားဟာဆိုရင်လဲ worldwide use ဖြစ်ပြီပဲ ဆိုကြပါစို့
သူတို့ မြန်မာလိုလဲ အသေအကြေလေ့လာ ... ဒါပေမယ့် မကျွမ်း .. ဆရာတွေကလဲ မြန်မာလေးတွေဆိုပို ချစ် .. (မှတ်ချက် .. ဒီမှာက ဆရာတွေက တော့ တော်တော် သဘောကောင်း ကြပါတယ် .. မီးတို့လို student တွေဆိုပိုတောင် ဂရုစိုက်သေးတယ် ) must be myanmar citizen ဆိုတဲ့ ဟာကိုလဲ လျှောက်လွှာတော်တော် များများ ရဲ့ ခေါင်းစီးမှာကိုပါ ... ကွိကွိ ... ထားပါတော့လေ .. ရေးရင်းနဲ့တောင် တော်တော်သနားလာပြီ ... စလုံးတွေနဲ့ ပတ်သတ်ရင် စိတ်ကသိပ်မခိုင်ဘူး ဟီဟီ ... ဘာပဲပြောပြောပေါ့လေ .. ရောက်လာပြီးမှတော့ ဆုံးခန်းတိုင် အောင်လျှောက်တာပဲ .. ကောင်းပါတယ် ... ကောင်းပါတယ် .... (သီချင်းအလိုက် ဖြင့်ဖတ်ပါ)

အတွင်းရေးများ (အပိုင်း ၁)

အနော်တို့ ကြိုက်တာတွေကတော့ အများကြီးပဲ။ တူတာတွေလဲ ရှိတယ်။ ဘာမှမဆိုင်တာတွေလဲ ရှိတယ်။ တော်သေးတာက ဘယ်သူမှ ထူးထူးဆန်းဆန်းတွေ မကြိုက်တတ်ပါဘူး။ (ဥပမာ - သီချင်းကြီးတို့၊ ခုနှစ်ထွေအကတို့၊ စာကျက်တာတို့၊ ကုလားမင်းသားတို့၊ My Chemical Romance တို့)

အားလုံးအတူတူကြိုက်တဲ့ဟာတွေက ကိုရီးယားကား၊ ဘီဘင်ဘတ်၊ DEL ဆရာမ၊ Celine Dion၊ အတန်းစောစောလွှတ်ပေးတဲ့ ဆရာတွေ၊ အဲယားကွန်းရှိတဲ့နေရာတွေ၊ ကလေးပုံလေးတွေ၊ (စာမကျက်ပေမဲ့) AD တွေ၊ ကရုတဲ့ လဒလေးတွေ(နောက်တာလို့ မှတ်လိုက်ပါ :P)၊ ဘလာ ဘလာ ဘလာပေါ့

မိုးကြီးကတော့ အစိမ်းရောင်၊ ၆၁၊ ရွန်ဝီစလေ၊ my lovely sam soon၊ bsb၊ ခေါက်ဆွဲပြုတ်(စိတ်ညစ်တဲ့အထဲ အဲဒါတွေလဲပါတယ်)၊ justin timberlake၊ ချက်ရပြုတ်ကျရ (သူ့သူငယ်ချင်းတွေက တော့သူပင်ပန်းမှာစိုးလို့ ဟင်းတွေဘာတွေ ပေးချက်လေ့ မရှိပါဘူး)၊ သန့်ရှင်းရေးလုပ်ရ၊ "က"ရတာ၊ ပေါ့ပ်သီချင်းတွေ၊ i-tune(မကောင်းပါဘူး ပြောလဲမရဘူး)၊ မင်းလူ၊ ခြစ်ရာရှိရတာ တွေကို ကြိုက်ပါတယ်။

ချစ်တီးကတော့ ရှာဖွေစူးစမ်း မေးမြန်းလေ့လာ တီးခေါက်စုံစမ်း ရတာ၊ ဘတ်စ်ကားနောက်ပြေးလိုက်ရတာ၊ အမှတ် ၁၀၀ ရတာ၊ သူများခြစ်ရာတွေရဲ့  ဖုန်းနံပါတ်တွေယူတာ၊ စားရတာ(ပိန်မှာစိုးလို့)၊ ဓာတ်ပုံရိုက်ရတာ၊ မြင်းမူလုပ်ရတာ၊ သူများအိမ်လာတိုင်း အတင်းရေတောင်းသောက်ပြီး သူ့အိမ်မှာဆို ရေမတိုက်တာ၊ စီစီအေလုပ်ရတာ

သာမီးဦးကြီးကတော့ ပန်းရောင်၊ ဂျပန်ကာတွန်းကားတွေ၊ ကြွက်တွေ၊ water chesnut၊ ဒူးရင်းသီး၊
ဝက်သားပြား

တာဇံ့အမေကတော့ secondary၊ ကြက်တောင်ရိုက်တာ၊ miniclip ကဂိမ်းတွေဆော့တာ၊ အီမို၊ သူများကို အချွန်နဲ့မတာ၊ တီဗီမှာလာတဲ့ သတင်းတွေကြည့်တာ(ပြီးတော့ဘာမှလဲ သိတာမဟုတ်ပါဘူး)၊ ပရီဆန်တေးရှင်း လုပ်ရတာ၊ ဟင်းချက်တာ၊ စားစရာတွေထဲမှာပါတဲ့ ကယ်လိုရီတွေတွက်ရတာ၊ သူများခြစ်ရာကို ... အဟင့် (ကျေနပ်သေးဘူးနော်)

အနော်ကတော့ အကြည်တော်ရဲ့ စာအုပ်တွေ၊ သီချင်းတွေ၊ bsb၊ ဘစ်ဘက်၊ ဘရာဇီးက ကာကာ၊ အာကြီး၊ အနက်ရောင်၊ ဂျူလီရာရောဘတ်၊ sony ericsson၊ ငါးပိရည်၊ ၀က်သားတုတ်ထိုး(လွမ်း....လိုက်တာ...)၊ woo cares ပြောရတာ၊ ပလက်တီနမ်၊ ဟယ်ရီပေါ်တာစာအုပ်တွေ၊ manicure၊ ဒါးဗစ် ဘက်ဟမ်း(ဒေးဗစ် ဘက်ခမ်း မဟုတ်)......
အများကြီးပါပဲ ကြိုက်တာတွေကတော့

ဒီ post ကို ဖတ်ပြီး ဒီဟာတွေ ပေးချင်စိတ်၊ ကျွေးချင်စိတ်တွေ ပေါက်လာရင်လည်း အားမနာပါနဲ့နော်၊ ပြောသာပြောပါ

i hope to get my crush
i hope to get GPA 4
i hope to get 1st choice
i hope to get long hair
i hope to get 45kg
i hope to get 5'6"
i hope to get more top
(currently)
i want them to become fat
i want them to get GPA 4 oso
i want them to know " i <3 them"
i want them to listen without getting tired of my chat
i want them to explain all the detail of our modules
i want them to choose my option
i want them to think "wow .. she is serious sometimes"
i want them to b wit me all the time
... thx for reading my pout tet ka ya post
... MOE GI

Sunday, July 1, 2007

နာမည်ပြောင် (နာမည်ပေးထားသော မိဘများမဖတ်ပါနှင့်) ...

နာမည်ပြောင်အများဆုံးရှိသူက မိုးကြီးဖြစ်မယ်ထင်တယ်။ သူ့ခမျာလဲ cute ခြင်းရဲ့  အကျိုးတွေပေါ့လေ...
(ဘာမှတော့မဆိုင်ပါဘူး ဟိဟိ)
သူ့နာမည်ပြောင်အနည်းငယ်ကို ဖော်ပြရမယ်ဆိုရင်....
၁။ မလားမ
၂။ ဘီမိုးကြီး (အဲဒီအတွက် post တစ်ခုအချိန်ရလို့ ပျင်းနေရင်လုပ်မယ်.. မစောင့်နိုင်ရင်တော့ မိုးကြီး fren* မှာ testi ပို့ထားတာရှိတယ်။ သွားဖတ်ကြည့်)
၃။ ntldမ
၎။ မိုးလုံးဟိန်းချုံး
၅။ ပုရှ် သို့မဟုတ် မာရှိမာရို
၆။ little woman...
ဘလာ ဘလာ ဘလာ

ချစ်တီးကတော့ လောလောဆယ် သူ့ဇာတ်ကား ရုံတင်လို့ တအားမာန်တက်နေတယ်။ သိတယ်မဟုတ်လား surf's up လေ။ ဘယ်ဇာတ်ကောင်ဆိုတာ ပြောစရာတောင်မလိုဘူး....
(ဘယ်ဇာတ်ကောင်လဲ ဆိုတာ ခန့်မှန်းပြီး comment ရေးပေးကြပါ။ )
ချစ်တီးကို ဆရာချစ်၊ ချစ်ကြီး၊ ဘုန်းဒန်စတီ စသည်ဖြင့် ခေါ်ကြပါတယ်။ ချစ်တီးက မစ်ကီမောက်စ် ကြိုက်ပါတယ်။
လက်ရှိ စိုးကြီး ကြောင့် သူ့ခမျာ သောကြာနေ့အတွက် weight ချရင်ကောင်းမလား စဉ်းစားနေပါတယ်။
ဆိုက်ကို သွင်းခြင်းခံလိုက်ရတာပေါ့နော်။

သာမီး ဦးကြီးကတော့ နာမည်ပြောင်နည်းရှာပါတယ်... မကရုတာလဲ ပါတာပေါ့နော် (နောက်တာနော် ကိကိ)

တောင်သူလယ်သမား ဦးကြီး၊ ကြွက်မ စသည်ဖြင့် စသည်ဖြင့်....

ကောင်လေးကတော့ ကောင်လေးပေါ့နော်၊ ပြီးတော့ ဘာရှိသေးလဲ....အော် တာဇံ့အမေ၊

secondary၊ ကာယဗလမောင်၊ ၁၈နှစ်အောက်... ။ ဒါလောက်ပါပဲ

ရေးတာကောင်းကောင်းမရေးရဘူး ။ ဖိအားတွေများနေတယ်။ တော်ပြီ ဒါပဲ =)

Saturday, June 30, 2007

အစမ်းရေုးကည့်တာပါ...

ငါလွမ်းတယ်......

deffynitions

Yo,

These few days we've invented our own GYI numbers:
Check out the list below....

The number starts from 101

101 = go & die
102 = after that straight to hell
103 = back to heaven
104 = move one row back and sit (in class)
105 = slap u
106 = peeves gets married wif u-know-who
107 = then gets 2 chubby kidssss
108 = i miss my crush ...

These are the latest entries....
There are more coming soon I hope =)